Sun *41*(final ...1)(U+Z)

4.6K 398 31
                                    


"တောင်း...တောင်းပန်ပါတယ်...!!"

ခြေဦးထိပ်ကိုသာ အကြည့်ကိုပို့ထားရင်းတိုးတိုး
လေးရေရွတ်လာသော Baekhyunကိုကြည့်
ကာ Kyung Sooပြုံးသည်။Chanyeolနဲ့Kaiအ
ပြင်Sehunတို့ အတွဲတို့ကလဲ စကားစမြည်ပြော
ရင်း အလုပ်ရှုပ်နေကြတာမို့ Baekhyunနဲ့နှစ်
ယောက်ထဲစကားပြောဖို့ အခြေအနေကဖြစ်
သွားသည်။

"ပျော်ရဲ့လား??ငါ့ကိုမသိချင်ယောင်ဆောင်ရ
တာ...!!"

"ပျော်ပါ့မလား??တစ်ချိန်လုံးလွမ်းနေခဲ့တာကို"

"ဟုတ်လဲ မဟုတ်ဘဲနဲ့!!တစ်ချိန်လုံးတဲ့ "

"တကယ်ပါဆို...!!Kyung Sooချက်ကျွေးတဲ့
ဟင်းတွေကိုရော...တစ်ချိန်လုံးအတူရှိနေခဲ့တာ
တွေကိုရော...အမြဲတမ်း ဂရုစိုက်ပေးခဲ့တာတွေ
ကိုရော...Chanyeolအပြင် Kyung Sooအ
ကြောင်းကိုလဲ Baekhyuneeနေ့တိုင်းစုံစမ်း
ဖြစ်ခဲ့တယ်...!!Kim Kaiလက်ထပ်သွားတာကို
လဲ Baekhyuneeသိတယ်...!!"

"အဟား...!!ဒါနဲ့များ...!!"

ဝဲတင်လာတဲ့ မျက်ရည်တွေကို ပုတ်ခခတ်ပြီး
Kyung Sooက ခေါင်းမော့ပြီးတစ်ချက်ရယ်
သည်။Baekhyunက ငိုလို့ဝနေတဲ့ မျက်နှာပြောင်လေးနဲ့ Kyung Sooကိုကြည့်
နေသည်။အခုမှ သေချာအလွမ်းသယ်နေရတဲ့
သူငယ်ချင်းနှစ်ယောက်ကို Chanyeolခပ်လှမ်း
လှမ်းကကြည့်နေခဲ့လေရဲ့...။

_______Sun___________Moon_________

"ကိုယ်...!!"

ရေချိုးပြီးကာစ Baekhyunပုံစံလေးက ငုံခဲပစ်
ချင်စရာ အာတာပူစီလေးလို...နုငယ်သစ်လွင်
နေခဲ့တာမို့ Chanyeolငေးခနဲ ဖြစ်သွားရသည်။
ကုတင်ပေါ်ထိုင်နေရာကနေ ရေစက်လက်ကျ
နေတဲ့ ခေါင်းလေးကို လှမ်းကြည့်မိလိုက်ကာ
စကား အစပျိုးမူက အရာမထင်...ခေါင်းငုံ့ထား
ပေမယ့် မျက်လုံးလေးလှန်ကြည့်လာတဲ့ ချစ်ရ
သူ...အကြည့်က နည်းနည်းတော့ဂျစ်ကန်ကန်
နိူင်ပေမယ့် ထိုအမူအရာတွေက မိုက်တယ်...
Baekhyunက နူးညံ့ပေမယ့် အရင်ကလို အ
ရာရာကို ပျော့တိပျော့ဖတ် ဖြေရှင်းနေမှာမဟုတ်
တော့မှန်းChanyeolသိခဲ့ပြီ...

"ပွဲမှာကတည်းက သတိထားမိနေတာ...ပါးတစ်
ဖက်က ဘာလို့ရဲတက်နေတာလဲ??"

မေးလိုက်ကာမှသတိိရ ပါးပြင်ကိအုပ်ကိုင်သွား
တဲ့ လက်ဖဝါးပြင်...မှန်တင်ခုံရှေ့မှာ ထိုင်နေတဲ့
ကောင်လေးနား ထသွားလိုက်ပြီးသူ့လက်ဖဝါး
ကိုဖယ်ခွာကာ သေချာကြည့်လိုက်မိသည်။

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now