Sun *32*(unicode +Zawgyi)

2.6K 391 15
                                    

"သူ ငါ့ကိုမမှတ်မိတော့ဘူး Kyung Soo…!!"

"ဘာ…!!"

"သူ့ကို အသက်ရှင်လျက်နဲ့ ပြန်တွေ့လိုက်ရင်
အားလုံးက ပြီးသွားပြီလို့ ငါထင်ခဲ့တယ်…ဒါပေ
မယ့် မထင်မှတ်ထားဘဲ သူ့ကိုငါပြန်တွေ့လိုက်
ရတော့ ငါတို့အားလုံးထင်ထားသလိုမျိုး လွယ်
လွယ်လေးမဟုတ်ဘဲ …သူ အတိတ်မေ့သွားခဲ့
တာကွာ…!!"

"……"

"သူကငါ့ကို သူစိမ်းလို့ပဲထင်နေတာ…သူ့အစ်မ
နဲ့စေ့စပ်မယ့်သူလို့ပဲသိနေခဲ့တာ…ငါ့ဘက်မှာ
ဘယ်သူမှမရှိနေတဲ့ အစိိမ်းသက်သက်နေရာကို
ငါရောက်နေခဲ့တာ…!!Baekhyunက ငါ့ချစ်သူ
ပါလို့ ဒီအတိုင်းလေးပြောရုံနဲ့ ငါ့ကို ဘယ်သူမှယုံ
မှာမဟုတ်ဘူး…!!"

"ဒါဆို မင်းတို့စေ့စပ်ပွဲကလဲ နီးလာပြီ…မင်း
ဘယ်လိုလုပ်မှာလဲ??မင်း သူ့ကို လက်လွှတ်
လိုက်ဖို့ ဆုံးဖြတ်ထားပြီလား??"

"မဟုတ်ဘူး…ငါ ဘယ်လိုမှ မစွန့်လွှတ်နိူင်ဘူး…
ငါသူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာ မင်းတို့
သိရဲ့သားနဲ့…!!"

"ဒါဆို သူ့အဖိုးနဲ့သူ့အစ်မကို အမှန်အတိုင်းဖွင့်
ပြောပြလိုက်ရင်ရော…!!"

"ငါ့ အမေကို လျှော့တွက်လို့မရဘူးဆိုတာ မင်း
စဉ်းစားမိလား Kyung Soo…!!ဖွင့်ပြောလိုက်
တယ်ပဲလား?? ငါ့ကို အရှုးလို့ပဲပြောမှာ…ကာယ
ကံရှင်ဖြစ်တဲ့ Baekhyunကမှ ဘာမှမသိတဲ့
သူဖြစ်နေတာဆိုတော့ ငါ့စကားတွေက ဟာသ
တစ်ပုဒ်လိုဖြစ်နေမှာပဲ…ငါ့ကို ခေါင်းငြိမ့်ပြီး…
ငါ့ဘက်မှာရှိပေးရမယ့်အဓိကလူ…Baekhyun
ကပဲ ငါ့ကို ငြင်းပစ်မှာ…သူ့မိသားစုကရော…
သာမာန်မဟုတ်တဲ့…ယောကျာၤးလေးနှစ်
်ယောက်ချစ်ကြိုက်တာကိုလွယ်လွယ်လေး
လက်ခံနိူင်မယ်ထင်နေလား…"

"မင်းဘက်မှာ ငါတို့ရှိနေတာပဲကွာ…အားလုံး
နားဝင်အောင် ငါတို့တွေရှင်းပြပေးမှာပေါ့…!!"

"ဒီပုံစံအတိုင်းဆို Baekhyunကငါ့ဘက်မှာရှိ
နေမှာမဟုတ်ဘူး Kyung Soo…သူ့နေရာမှာ
ငါသာဆိုလဲ ဒီအတိုင်းဖြစ်မှာပဲ…သူ့ အစ်မနဲ့
လက်ထပ်မယ့်သူက သူနဲ့တစ်ချိန်တုန်းက
ချစ်သူဖြစ်ထားကြတယ်…ဒါပေမယ့် အခုသူက
ဘာမှမှတ်မိတာမဟုတ်ဘူး…လက်ရှိဘဝမှာနေ
သားကျနေပြီ…ပျော်နေပြီ…အဲ့ဒါကြောင့်မို့ငါက
သူ့အတွက် အစိမ်းသက်သက်ဖြစ်နေမှာပဲ…သူ
ရော …သူ့မိသားစုရော လွယ်လွယ်နဲ့လက်ခံမှာ
မဟုတ်ဘူးဆိုတာ သေချာတယ်…!!"

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now