Sun*29*(Unicode +Zawgyi)

2.5K 358 9
                                    

အဝေးကကြည့်တော့လည်း
ရယ်မောစရာ…
အနီးကပ်ကြည့်တော့လည်း
ဝမ်းနည်းစရာ…
"ရေ"ဆိုတာလှုပ်တုန်းခဏတော့
အနည်ထကြတာပါပဲ…
ပြီးတော့လဲ ငြိမ်သက်သွားတာမို့…
အချိန်ဆိုတဲ့ကြားခံနယ် တစ်ခုတော့လိုတာပေါ့…

လေယဉ်ပေါ်က ဆင်းကာ ခြေချလိုက်တယ်ဆို
ရင်ပဲ ရှုရှိုက်ရသောလေထုက အမိမြေနဲ့ ကွာ
ခြားနေလေသည်။ အလုပ်ကိစ္စနဲ့မကြာခဏ ဒီ
နိူင်ငံကိုရောက်ဖူးနေတယ်ဆိုတော့ ဒါကသိပ်
ပြီးမထးူခြားလှ…ခရီးဆောင်အိတ်တစ်လုံးသာ
ပါသည်မို့ ကိုယ့်ဟာကိုယ်ပဲ ဆွဲလာခဲ့လိုက်
သည်။

Cindy Noonaကပြောတော့ သူလာကြိုမယ်
တဲ့လေ…သိပ်ပြီးရင်းနှီးမူမရှိသော်လည်းနောင်
လဲပက်သက်ရမယ့် သူတွေမို့လို့ ခေါင်းသာငြိမ့်
ခဲ့လိုက်သည်။ ကြိုဆိုသူတွေကြားထဲ လူတစ်
ယောက်ကို ရှာရဖွေရတာ ကိုယ် မနှစ်မျို့…ဒါ
ပေမယ့်လည်း အခုတော့ ကိုယ့်နာမည်ထောင်
ထားမယ့် ဘုတ် ကို ရှာနေရပြီ…။

"Chanyeol Shi…!!"

ဟော…လက်လေးဝေ့ယမ်းပြီးနှုတ်ဆက်ပြလာ
သော မိန်းမပျိုလေးတစ်ယောက်…လူအုံကြား
ထဲက တိုးထွက်လာကာ ကိုယ်ရှိရာအရပ်ဆီ
လျှောက်လာခဲ့လေရဲ့…Chanyeolလဲ တပ်ထားတဲ့ မျက်မှန်အနက်လေးကို ချွတ်ကာ
ပြုံးပြလိုက်သည်။Cindy Noonaက တိုင်းတစ်
ပါးမှာနေသည်ဆိုပေမယ့် ဝတ်ပုံစားပုံက ဟော့
ဟော့ရမ်းရမ်းကြီးဖြစ်မနေ…။

"စောင့်နေတာကြာပြီလား အားနာလိုက်တာ!!"

"မကြာပါဘူး…မကြာပါဘူး…ဖိုးဖိုးလဲပါတယ်"

"ဗျာ…!!အားနာလိုက်တာဗျာ…တကူးတက
လာကြိုရတယ်လို့…!!"

"သြော်…အားနာစရာမလိုပါဘူးရှင်…သူလဲသူ့
မြေးသမက်လောင်းကို တွေ့ချင်နေတာပါရှင့်…
ဖိုးဖိုး ဟိုနားမှာစောင့်နေတယ် သွားလိုက်ကြရ
အောင်…!!"

သူမနှင့်ပြေပြေလည်လည်ပင်ပြောဆိုကာ ဧည့်
ကြိုများစောင့်နေမည့် နေရာဆီလျောက်လာခဲ့
လိုက်သည်။တစ်ခါသာမြင်ဖူးသည့် Mr.Chrise
Bအား ကောင်းကောင်းကြီးမှတ်မိပါသည်။

အသက် ခုနှစ်ဆယ်ကျော် ရှစ်ဆယ်နီးပါးရှိနေပြီ
ဖြစ်တဲ့ အဖိုးကြီးဆိုပေမယ့် အရပ်အမောင်းဒေါင်
ကောင်းကောင်းနဲ့ အခုချိန်ထိ သန်တုန်းမာတုန်း
ပင်…အသက်အရွယ်အရ အလုပ်အကိုင်တွေကို
သားသမီးတွေ ဆီလွှဲထားရပေမယ့် အခုချိန်ထိ
သူဟာ နောက်ကွယ်ကနေ စီစဉ်ပေးမြဲ…အကြံ
ပေးမြဲ…Cindy Noonaတစ်ခါပြောပြဖူးတာက
တော့ ဖိုးဖိုးက ကားတောင် ကိုယ်တိုင်မောင်း
တုန်းဆိုလား??

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now