Sun Ep &1*(unicode +Zawgyi)

7.8K 547 21
                                    

              အချစ်တို့စတင်ဝင်ရောက်
လာရာအရပ်ဒေသသည်မျက်လုံးတို့ကစ၏။

''အမယ်လေး စကားကြီး…စကားကျယ် ကိုရွှေ
မင်းသားရယ်…အအေးတောင် ချက်ချင်းလက်
ငင်းကြီးပူတက်လာအောင် မင်းစကားကြီးကအ
ခြေအမြစ်မရှိလွန်းတယ်…တကယ်တမ်းက အချစ်ကအစ …ပါးစပ်က ကွ !!!!!!

''ဘာဆိုင်လို့…??? ''

Ohဂုဏ်ပုဒ်ကိုဆောင်သော Sehunက သူ့စကားကို ထောက်ခံခြင်းမရှိဘဲ အဟား
တစ်လိုင်းနှယ် လှောင်ပြောင်သွားသော Kim kaiအမည်ရှိ အနှီလူသားအား ဂျူးလိယက် မျက်စောင်းနှယ် လှလှပပထိုးပါ၏။

Kim kaiအမည်နာမကိုပိုင်ဆိုင်ထားသော
ချောကလက်အသားအရည်ပိုင်ရှင်သည်ကလဲ
တင်ကလယ်ချိတ်ထိုင်၍ အအေးဆိုင်အတွင်း
ဘက်မှနေ၍ မှန်ပြင်ကိုငေးမောကြည့်နေသေး
သည်။

သူတို့ အငြင်းပွားနေပုံကိုမေးထောက်၍ အပျင်း
ပြေ ဒရာမာတစ်ပုဒ်ကို ကြည့်နေသလို ပျင်းရိ
ပျင်းစားထိုင်ကြည့်နေသူက အမောင်Parkမျိုး
နွယ်စုပင်တည်း……

''ဘာလို့ ဒီပါးစပ်က ပါလာတာတုန်း…??? ""

အချစ်မှာ ပါးစပ်မပါလို့ ဖြစ်ကိုမဖြစ်ပါဘူးကွာ…
စဉ်းစားကြည့်ရင် တောင်ကိုရီးယားနဲ့မြောက်
ကိုရီးယားတည့်တယ်ဆိုတာက ဖြစ်နိူင်သေး
တယ်…အချစ်မှာ ပါးစပ်မပါလို့ကတော့…အဆာ
ပလာဘာမှမပါတဲ့ ဟင်းလိုပဲနေမှာ…!!! ""

''အချစ်နဲ့ ပါးစပ်…!!!အင်း အင်း ပါးစပ်မပါရင်
ချစ်တယ်လို့ ဘယ်ပြောလို့ရပါ့မလဲနော့်…!!! ""

ခုထိ တစ်လွဲတွေးနေတူန်းဖြစ်တဲ့ Oh Sehun
ကို Chanyeolက ခွီးခနဲ ထရယ်ပါ၏။

''ဟေ့ကောင်…ohငပိန်း  ဒီလောက်ရိုးသားမနေ
နဲ့ ဒီကောင်ဆိုလိုနေတာ ချစ်တယ် ပြောဖို့
မဟုတ်ဘူးကွ…ဟိုဒင်းဟိုဟာပြူဖို့…!!! ""

"ဟာ Park Chanyeol …ဒီလောက်မကျယ်နဲ့
လေကွာ…!! ""

Kim kaiမှာ ကမန်းကတန်း အဲ့ဒီကောင်ပါးစပ်
ကိုအသေပိတ်တာတောင် ဝူးဝူးဝါးဝါးအသံတို့
ထွက်တုန်း…ဒီလိုကျမှ Oh Sehunတို့ နားလည်
သဘောပေါက်ကာ Kim kaiကို မိုက်ရိုင်းတယ်
ယုတ်မာတယ်တွေ ထအော်ရော…

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now