Sun *13*(Unicode+Zawgyi)

3.8K 418 39
                                    

"ဒါက ဘာလဲ??"

ကမ်းပေးထားတဲ့ ခွက်ရှည်ရှည်လေးကို ချက်ချင်းမယူသေးဘဲ လက်ညိုးလေးထိုး၍
တအံ့တသြမေးလာပုံက သေနိူင်သည့်ဆေးကို
ဖော်စပ်ပြီး မမြင်ဖူးရင်ကြည့်ဆိုပြီးပြနေတဲ့အ
တိုင်းပင်…ပြူးတူးပြဲတဲဖြစ်နေတဲ့ မျက်လုံးလေး
တွေကိုပင် အသဲတယားယားဖြစ်ရကာပစ်ပစ်
ပြီးနမ်းပစ်ချင်လိုက်သည့်စိတ်တွေကတဖွား
ဖွား…သို့ပေမယ့်သူ့ဆီကခွင့်ပြူချက်မရရင်ပါး
ပြင်လေးကိုတောင် မထိတွေ့ချင်တာမို့
ပျာကလက်စိန်နေသည့် စိတ်လေးကိုသာ မျိုချ
လိုက်ရသည်။

"ချစ်လေး…ကိုယ်လက်ညောင်းတယ်ကွာ"

ထိုအခါကျမှ လက်ဖမိ်ုးထိဖုံးအုပ်နေသော လက်
ဖဝါးလေးနှစ်ဖက်ဖြင့်အုပ်၍ ခွက်ကလေးအား
လှမ်းယူလာခဲ့သည်။

အမှောင်ထုဖုံးလွှမ်းနေသော တိမ်တိုက်များအား
အကျည်းမတန်စေရန် ဟိုတစ်ပွင့် ဒီတစ်ပွင့်နှင့်
ဖြန့်ကျက်၍ အလင်းရောင်ပေးစွမ်းထားကြသော
ငွေရောင်မှိတ်သုတ် မှိတ်သုတ်ကြယ်ပွင့်လေး
များအားမော့ကြည့်မိသည်။

"သိပ်ကိုလှတာပဲ"

အပြောနဲ့အတူ ထိုကြယ်ပွင့်လေးများကိုငေးနေ
မိတော့ Baekhyunကပါမော့ကြည့်လာကာ…

"Chyeol ဒါက…!!"

ပြောစရာရှိတာကိုဆက်မပြောဘဲနဲ့ ပြူးတူးတူး
လေးနဲ့ ဒီအတိုင်းမော့ကြည့်နေတော့ Chanyeolကပဲမေးငေါ့ကာ…

"Wae …???"

"ကော်…ကော်ဖီတွေ…!!"

သူ့မှာ အခုမှ ကော်ဖီကိုမြင်ဖူးတာလားမသိ…
ကိုယ်က ကြယ်ရဲ့အလှအပကို ခံစားလို့
ကောင်းနေတုန်းရှိသေး သူက ခုထိ ဘေးဘီဝဲ
ယာ ကို သတိမရအားပဲ သူ့လက်ထဲရောက်နေ
သောအငွေ့တထောင်းထောင်းထနေတဲ့
ကော်ဖီကိုသာစိတ်ဝင်စားနေပုံရသည်။

"မကြိုက်ဘူးလား??ဟာ…မတန်လိုက်တာကွာ
ကိုယ်ကတော့ ဒီနေရာကို ဒီလိုအချိန်လာရပြီဆို
ဒီကော်ဖီကိုသောက်ရမှကျေနပ်တာကွ…"

သူ့ဆီက ဒီလိုမချိတင်ကဲ ရေရွတ်လာတော့
Baekhyunမှာမျက်နှာလေးပင် ညိုးငယ်သွား
ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် သာယာပြီးစိတ်လက်
ပေါ့ပါးနေပုံရသော Chanyeolအား ကိုယ့်အ
တွက်နဲ့ စိတ်ကွက်သွားတာမျိုးမဖြစ်စေချင်…
ထို့ကြောင့် လက်ထဲကကော်ဖီကို နှာခေါင်းလေး
နဲ့အရင် အနံ့ခံမိသည်။အနက်ရောင်ဘက်သန်း
နေသော ကော်ဖီက ဘယ်လောက်ထိပြင်းတယ်
ဘယ်လောက်ထိ ကဖင်းဓာတ်ပါတယ် ဆိုတာ
Baekhyunမသိ…Baekhyunသိသည်ကခု
လောလောဆယ် ဤကော်ဖီသည် ဤနေရာ
အနေအထားနှင့် လုံးဝလိုက်ဖက်မူရှိလွန်းသည်။

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now