Sun *40*(Unicode +Zawgyi)

2.8K 370 30
                                    

"ဒီလောက်ဖောင်းအစ်နေတဲ့ မျက်နှာနဲ့ စေ့စပ်
ပွဲမှာ သတို့သမီးမောင်တဲ့လား??မင်းမို့လို့ အ
ွှှရှက်မရှိ!!"

"အရှက်ရှိပါတယ်လို့ရောBaekhyuneeက
ပြောနေလို့လား??"

"အံမယ် !!ငါ 'သ'ထားပေးလို့ရုပ်ထွက်ကဒီ
လောက်ထိ ကြည့်ကောင်းနေတာကိုကျေးဇူးမ
တင်ဘူး...!!ငါလုပ်လိုက်ရ !!'

Taoကလက်သီးနဲ့ရွယ်ရုံရှိသေး ကိုယ်ကပိတ်
ကန်မိပြီးသွားပြီ...မနာကျင်တာကိုဟန်လုပ်ပြီး
တအားအားအော်ရင်းထွက်ပြေးသွားသောTao
ကို ခပ်ပြုံးပြုံးကြည့်လိုက်ပြီးမှ တစ်ယောက်ထဲ
တိတ်ဆိတ်ကျန်ခဲ့ရသည်။မှန်ရှေ့မှာ ထိုင်ပြီး
ကိုယ့်ရုပ်ကိုကြည့်နေရတာကလဲ ကျက်သရေ
ကိုမရှိ...

"ထွက်ပြေးကြရအောင်"

ညက တစ်ယောက်နဲ့တစ်ယောက်တင်းကျပ်စွာ
ပွေ့ဖက်ရင်း Chanyeolပြောခဲ့တာကိုပြန်ကြား
နေမိသည်။Baekhyunခေါင်းခါပြီးငြင်းဆန်ခဲ့
သည်။ နှစ်ဖက်အသိုင်းအဝိုင်းကိုတော့ ထည့်
တွက်မှရမည်လေ...

"ကိုယ်...မခွဲနိူင်ဘူး"

Chanyeolငိုသည်။တစ်ညလုံးလိိုလို မျက်ရည်
ကျနေခဲ့တာကိုBaekhyunသိသည်။ကားထဲ
မှာ Chanyeolအတွက် အခွင့်အရေးတစ်ခုကို
ပေးမိခဲ့သော်လည်း Chanyeolပိုတိုး၍မျက်ရည်
ကျခဲ့သည်သာ...ထိုအခွင့်အရေးက Chanyeolအတွက်နာကျင်စရာသာဖြစ်ခဲ့ရ
သည်။

"ကျစ်...!!"

မောင်းထုတ်ပစ်မှဖြစ်မည့် အရာမို့ ခေါင်းကိုခါ
ယမ်းလိုက်ရင်း ဆံပင်တွေကိုစိတ်ကြိုက်ဆွဲဖွ
နေမိသည်။ သို့သော်လည်း အတွေးနက်နက်
တို့က ရင်ထဲ၌ စိတ်ကြိုက်နေရာယူနေဆဲ...

"ခွမ်း ...ခလွမ်း "

မှန်တင်ခုံရှေ့က ရေမွှေးပုလင်းကို နံရံနှင့်ပစ်
ပေါက်ပစ်လိုက်တော့ အမွှေးနံ့တွေမွှန်ထူသွား
တဲ့ အခန်းငယ်လေး...ရေမွှေးတို့သည် ကြမ်း
ပြင်တို့ထက် ယိုစီးကျလျက်...ထိုင်နေရာကထ
လိုက်ကာ ကားသော့ကို လှမ်းယူရင်း ခန်းမသို့
သွားရန်ပြင်လိုက်သည်။မို့ဖောင်းနေတဲ့မျက်လုံး
တွေကို ဖုံးကွယ်စေရန် Linerပိုထည့်ထားတာ
မို့ မဲနက်နေလိမ့်မည်...စေ့စပ်ပွဲပအတွက်
ပြင်ဆင်ခြင်းကထိုမျှသာ

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now