Sun *14*(Unicode +Zawgyi)

3.6K 515 20
                                    

"ဒါကဘယ်ကိုလဲ Chanyeol…!!!"

မမာထန်လွန်းသော်လည်းမနူးညံ့သော အမေး
ကတိုတောင်းပါသော်ငြား Chanyeol၏ခြေ
လွမ်းတွေကိုတုံ့ခနဲရပ်တန့်ပစ်နိူင်စွမ်းရှိသည့်
အသံနေ အသံထား…ဆိုင်ကယ်သော့လေးကို
ဝေ့ယမ်းကာ တတ်ကြွသောခြေလှမ်းများနှင့်
အိမ်ပေါ်ထပ်ကဆင်းလာပြီး လေတောင်ချွန်နေ
မိသလားမသိ…ဧည့်ခန်းထဲကမေမေ့ကိုမမြင်မိ
သည််အထိ…

"ဘယ်တုန်းကကျွန်တော့်အကြောင်းတွေစိတ်
ဝင်စားသွားတာလဲ မေမေ…"

အမေးကိုအမေးနှင့်ပဲပြန်တုံ့ပြန်လိုက်သည့်အ
တွက် သဘောကျဟန်မတူဘဲ တွန့်ချိုးသွားမည်
ဖြစ်သောမေမေ့ မျက်ခုံးတန်းတို့ကို လှည့်မ
ကြည့်ပါသော်လည်းအလွတ်ကျက်မှတ်ပြီးသား
ဖြစ်သည်။

"စိတ်ဝင်စားတယ်လို့လဲ မပြောမိပါလား??ငါ
ပြောစရာရှိလို့ မင်းကို မေးတာ…!!"

"အထူးအဆန်းပဲ…ကျွန်တော်တို့ နှစ်ယောက်
ကြားမှာပြောစရာစကားဆိုတာ ရှိသေးတယ်ပေါ့…မထင်ထားဘူး…!!"

"ခနဲ့ နေတာအတွက်သိပ်ဂုဏ်ယူနေလား
Chanyeol…ငါမင်းအမေဆိုတာကို သတိရဦး"

"ဟား…ဘာကြောင့် မေမေကခနဲ့တယ်ထင်
ရတာလဲ??ကျွန်တော်ပြောတ အမှန်တရားပဲ
လေ…မေမေ ကျွန်တော့်ကိုဘယ်တုန်းကဂရု
စိုက်ဖူးလဲ??စကားတစ်ခွန်းပြောတိုင်းအသက်
မပါတဲ့ အပြူအမူကို ကျွန်တော်မှမကြိုက်တာ…
ဘယ်တုန်းကနူးညံ့ဖူးလဲ??"

"တော်စမ်း…Chanyeolစကားတတ်တိုင်း
လျှောက်ပြောမနေနဲ့…ငါမင်းနဲ့ တစ်ယောက်
တစ်ခွန်းစကားများနေဖို့ အချိန်မရှိဘူး…ငါမင်း
ကိုပြောချင်တာ…Jinminကို အိမ်လာခဲ့ဖို့ပြော
လိုက်ပါ ငါသူနဲ့ဆွေးနွေးစရာရှိတယ်…"

တအံ့တသြနဲ့ မေမေ့ကို ကြည့်မိတော့ သူမက
တော့ပြောစရာစကား တစိုးတစိမှ ရှိမနေတော့
သည့်နှယ် စားပွဲပေါ်က စာရွက်စာတန်းတွေအား
အာရုံစူးစိုက်ပစ်သည်။သူ့ဘက်က ခုနေဆက်
ပြောနေဦးမည်ဆိုလျှင်တောင် သူမက ဂရုတစိုက်နားထောင်နေမှာမဟုတ်…

တစ်ယောက်တစ်ခွန်းအချင်းပွားပြီးမှသူမအရေး
တကြီးပြောချင်နေသည့်စကားက…Jinminကို
အိမ်ခေါ်လာဖို့တဲ့လား…ရယ်စရာတောင်
ကောင်းနေသလိုလို…စိတ်ချ ဒီကလဲ မေမေ့သားပါ…မေမေ့လိုပဲအရာရာကို ဂရုမစိုက်
တတ်သူမို့…မေမေပြောတဲ့ စကားကို လိုက်နာ
နိူင်မှာမဟုတ်ဘူး…

Sun Half&Moon Half (Completed )(Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ