Sun *21*(Unicode +Zawgyi)

3.1K 352 14
                                    


"Chanyeol...အိမ်ကိုခဏလာခဲ့ပါ...Baekhyunဘာဖြစ်မှန်းမသိဘူး...!!"

သူငယ်ချင်းသုံးယောက် ဆိုင်ထိုင်နေတုန်း
ဖုန်းဝင်လာတာက Kyung Sooဆီက...ဘယ်
သူ့ကိုမှနှုတ်တောင်မဆက်နိူင်ဘဲ ဝုန်း ခနဲဆို
ထလာကာ ဆိုင်ကယ်ကိုတရကြမ်း မောင်းနေ
မိိသည်။ဘာဖြစ်မှန်းမသိဘူးဆိုတာက တစ်ခုခု
ဖြစ်တယ်လို့ တိုက်ရိုက်ပြောတာထက်ကို ပိုပြီး
ရင်ပူစေရသည်။အတွေးထဲမှာ လာတဲ့လမ်း
တစ်လျှောက် ခေါင်းမီးတောက်အောင် အတွေး
တွေ ပွစာကြဲလျက်ရှိသည်။

ဘာများဖြစ်တာပါလိမ့်??တစ်ခုခုများ ဆိုးဆိုး
ဝါးဝါး...

တိုက်အပေါ်ထပ်ကို ဝုန်းဒိုင်းပြေးတက်လာခဲ့
ပြီးမှ အလွတ်ရနေသော လျှို့ဝှက်နံပါတ်ကို နှိပ်
ကာ ဝင်ခဲ့လိုက်တော့ အပျက်အစီးတွေကြားက
Do Kyung Soo...

"Kyung Soo...ဘာဖြစ်ကြတာလဲ??"

Kyung Sooမော့ကြည့်လာသည်။ တစ်အိမ်လုံး
ကိုရစရာ မရှိလောက်အောင် ရိုက်နှက်ဖျက်ဆီး
ခဲ့တာ တစ်ယောက်ထဲတော့ မဟုတ်နိူင်...

အကြမ်းဖက်ချင်သူ လူစုလူဝေး တစ်ခုခုကများ
အနိူင်ကျင့် ဖျက်ဆီးပြီး ရှိတာယူ...ယူ...

Baekhyun ...!!!

ဒိန်း ခနဲ သွေးတွေဆောင့်တိုး လာသလိုပင်...
Baekhyunကိုများ အကြမ်းဖက်၍ ပြန်ပေးဆွဲ
သွားတာလား??

"Baekhyun...Baekhyunရော...!!"

Kyung Sooက ဖြေးလေးစွာ ခေါင်းပြန်ငုံ့သွား
သည်။ သေချာပါတယ်...သေချာသလောက်ရှိ
နေပါပြီ...ပစ္စည်းတွေကို ရိုက်ခွဲ ကြောက်အောင်
လုပ်ပြီး လူကိုခေါ်သွားတာပဲဖြစ်ရမယ်...

"ပြောစမ်း !!Baekhyunကို ဘယ်သူကဒီလို
လုပ်တာလဲ...??သူတို့က ဘယ်သူလဲ??"

"ငါလဲ ဘယ်သိမှာလဲ??"

Kyung Sooမှာလဲ Baekhyunကိုတစ်ခုခုစိတ်
ထိခိုက်အောင် လုပ်တဲ့သူကိုမေးတယ်မှတ်ကာ
သူမသိကြောင်းဖြေသည်။

အပြင်သွားမယ် ဟုပြောပြီးထွက်သွားကာ
့ပြန်ရောက်လာတော့ ဘာမှမေးမရဘဲ ပေါက်ကွဲ
ငိုယိုပြီး ရှိသမျှ ရိုက်ခွဲသွားတာ ဘာမှမသိလိုက်
ရ...ထို့ကြောင့် Kyung Sooလဲ သူဘာဖြစ်
လာတာမှန်း ဘယ်သူနဲ့ ကတောက်ကဆ ဖြစ်
လာမှန်း ...အမှန်တကယ်ပင်မသိ...

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now