Sun *30*(Unicode +Zawgyi)

2.7K 375 5
                                    


"အချိုမကြိုက်ဘူး…အစိမ့်လေးပဲ ဒီအတိုင်း
သောက်ချင်တာ…ပြန်ပြင်ပေး…!!"

စူးခနဲထွက်လာသော အသံလေးကြောင့်ကော်
ဖီကိုငုံ့သောက်နေရာကနေ မရရအောင်ကိုမျက်
လုံးလေးလှန်ကြည့်မိလိုက်သေးသည်။ဒီတစ်ခါ
တော့သူနဲ့ကိုယ်နဲ့အကြည့်ချင်းမဆုံခဲ့ပါဘူး…
ဘာလို့လဲဆိုတော့ သူက မှုန်ကုန်နေသောမျက်
နှာလေးနဲ့ ပေါင်မုန့်တစ်ချပ်ကို တမြုံ့မြုံ့စားနေ
တာမို့…

အိမ်အကူ ကောင်မလေး ပြင်ပေးရန်ယူသွား
သည့် နွားနို့ခွက်လေးကိုမြင်တော့…ကိုယ့်မှာ
အတိတ်ကိုပြန်ပြောင်းသတိရသည်။

Baekhyun ကနွားနို့ကို သောက်နေတုန်းပဲ…

သူ…Kyung Sooကိုသိနေသေးလား??အခွင့်
ကြုံရင်မေးကြည့်ဦးမှပါ…

"ဖိုးဖိုးက တော်ပြီလား??"

"အေး…တော်ပြီကွဲ့…!!ဖိုးဖိုးက မင်းတို့ထက်
အရင်ထိုင်နေတာလေကွယ်…!သြော်မေ့တော့
မလို့…မြေးငယ် Baekhyunee…!!"

"ဗျာ…!!"

"ဒီနေ့ မြေးငယ်လေးအားတယ်မဟုတ်လား??
မနေ့ညက Chayeolကပြောတယ်…!!"

"မအားဘူး…ဖိုးဖိုး!!"

"Baekhyun!!ဖိုးဖိုးပြောနေတဲ့ စကားကိုဘာ
လို့ဖြတ်ပြောရတာလဲ?? မမ စိတ်ဆိုးတယ်နော်
အဲ့လိုမျိုးရိုင်းပျတာ…!!"

သူ့ အဖိုးပြောနေတဲ့ စကားကိုဖြတ်ပြောတာမို့
အေးအေးလူလူ မနက်စာစားနေတဲ့ Cindy
Noonaက အနည်းငယ် စိတ်တိုသွားပုံရကာ
Baekhyunကိုလှမ်း၍ဆူလေသည်။ဖိုးဖိုးကပါ
အနည်းငယ်မျက်နှာတည်သွား၍ Chanyeol
မှာဧည့်သည်ပီပီ အားတုံ့အားနာဖြစ်ရသည်။
Baekhyunကတော့ အသစ်ရောက်လာပြီဖြစ်
တဲ့ နွားနို့ပူပူကိုတဖူးဖူးမှုတ်၍သောက်နေလေ
သည်။ ဒီကလေး ဘာလို့ ဒီလိုဆိုးသွမ်းလာရ
သလဲ…??

ကိုယ်မသိလိုက်တဲ့ အချိန်အတွင်း Baekhyun
တစ်ယောက် ဘယ်လိုတွေဖြတ်သန်းခဲ့ရတာတဲ့
လဲ??စိတ်ရှိတိုင်းသာဆိုရင် ပိတ်မေးပစ်ချင်နေ
ပြီ…မနေ့က Taoဆီမှလဲ ဘာမှရေရေရာရာအ
ဖြေမရှိခဲ့…

"ကျွန်တော်လဲ မသိဘူး အဲ့လိုထင် တာပဲ!!
ကျွန်တော်သူ့ အရင်အကြောင်းတွေ မေးရင်
ဘာမှမသိဘူး…ဘာမှမမှတ်မိဘူးလို့ ပြန်ဖြေ
တတ်တာပဲ…!!"

Sun Half&Moon Half (Completed )(Unicode)Where stories live. Discover now