22

981 141 21
                                    

သူ့အဖြေကြောင့် အားလုံးက screen ကိုမော့ကြည့်လိုက်သည်။ screen ထဲက ရီရာက တခုခုကို တွေးနေတဲ့ပုံ.. ခဏကြာတော့မှ သူတို့ကိုပြုံးပြသည်။

" ကောင်းပီလေ "

ချက်ချင်း အနက်ရောင်ဖြစ်သွားတဲ့ screen ကိုကြည့်ရင်း အကုန်လုံး ဇဝေဇ၀ါဖြစ်ကျန်ခဲ့သည်။ ဒါဘာသဘောလဲ? သူတို့သွားရှာရမှာလား? သူတို့ကို ကစားသွားတာလား။ ရီရာ ကတိမတည်တာလား။ အတွေးပေါင်းစုံ ဆက်တိုက်ဝင်လာတော့ ဟေးဒီးစ် အံကြိတ်မိသည်။ ဟုတ်တာပေါ့ ဒါရီရာပဲလေ။ သူတို့ကို လိုသလိုကစားနေမှာ။ ဒီလို ခံရတာ မယုံ--

" ပိုဆိုဒ်ဒွန်!! Lobby ကိုအမြန်လာခဲ့!! "

အတွေးနဲ့ တိုက်ပွဲဝင်နေတဲ့ Kyungsoo ခေါင်းက ဆတ်ခနဲထောင်သွားသည်။ အခန်းထဲက စပီကာကနေ တိုးထွက်လာတဲ့ အီရော့စ်ရဲ့ အော်သံကြောင့် အကုန်လုံး အခန်းထဲကအမြန်ပြေးထွက်ပီး Lobby ကိုသွားလိုက်သည်။

သူတို့ရောက်တော့ lobby မှာ နတ်ဘုရားတွေ အုံခဲနေသည်။ အားလုံးရဲ့ မျက်နှာတွေက ကြောက်ရွံ့မှု စိုးရိမ်မှုတွေနဲ့ ပြည့်နေသည်။ ပိုဆိုဒ်ဒွန်ကို မြင်တော့ အားလုံး လမ်းဖယ်ပေးကြသည်။ နားထင်ထိ ကြားနေရတဲ့ နှလုံးခုန်သံကို လှစ်လျူရှုရင်း သူ့ရှေ့က ပိတ်ရပ်နေတဲ့ ပိုဆိုဒ်ဒွန်ကို တွန်းဖယ်လိုက်သည်။

Kyungsoo ဘာတွေလုပ်မိမှန်းတောင် မသိလိုက်။ သူ့ဆီက အံ့ဩသံထွက်သွားတာလဲ မသိလိုက်မိ။ ဘယ်ချိန်က ဒူးထောက်ပီး ဇူးစ် နားရောက်သွားမှန်းလဲ သူမသိလိုက်။ ဆစ်ခနဲဖြစ်လာတဲ့ ခံစားမှုကြောင့် သူ့မျက်လုံးထဲ မျက်ရည်တွေ တဖြည်းဖြည်း ပြည့်လာတာကိုလဲ သတိမထားမိဖြစ်နေသည်။

သူ့အာရုံမှာရှိတာ တခုက မျက်စိရှေ့က သွေးအိုင်ထဲမှာ လဲနေတဲ့ Kai ကိုအမြန်ကယ်တင်ဖို့ပဲဖြစ်သည်။ သွေးတွေက Kai ခန္တာကိုယ် ပတ်ပတ်လည်ကို ဖုံးလွှမ်းနေသည်။

" Kai "

သွေးတွေနဲ့ စေးကပ်နေတဲ့ ဆံပင်တွေကို သပ်တင်ပေးလိုက်ရင်း ခပ်တိုးတိုးခေါ်မိသည်။ ရုတ်တရက် ရောက်လာတဲ့ သူ့အထိအတွေ့ကြောင့် လန့်သွားပုံရသည်။ ဒါပေမယ့် ချက်ချင်းမျက်လုံးဖွင့်ကြည့်သည်။

Redemption [Completed]Where stories live. Discover now