17

1.1K 186 45
                                    

" အခုလိုလုပ်နေဖို့ အချိန်မရှိဘူး..  ငါတို့ အမြန်ပီးအောင်လုပ်ရမယ် "

ဖက်ထားတဲ့ Kai ကို တွန်းထုတ်လိုက်ပီး နောက်ကရောက်လာတဲ့ စစ်သားကို သေနတ်နဲ့ပစ်လိုက်သည်။ mission မပီးသေးဘူး။ အာရုံစိုက်ထားမှရမယ်။

သူ့စကားကို ဇူးစ်က ခေါင်းညိမ့်ပီး ဆက်သွားဖို့ အချက်ပြသည်။ လျှောက်လာရင်း လမ်းခွဲတခုရောက်လာတော့ တယောက်မျက်နှာ တယောက်ကြည့်မိသည်။ ပိုဆိုဒ်ဒွန် နဲ့ လူစီဖာ က ဘယ်ဘက်ကိုသွားလဲ သူတို့မသိဘူး။

လူထပ်ခွဲရတာပေါ့။

" Kyungsoo မင်း ညာဘက်ကိုသွား "

Kai စကားကို ခေါင်းတချက်ညိမ့်ပြပီး ထွက်လာခဲ့သည်။ ထောင့်ချိုးတခုနားရောက်တော့ သူ့မျက်နှာနားကို ဖြတ်သွားတဲ့ ဓားတချောင်းကြောင့် အမြန်နောက်ဆုတ်လိုက်ရသည်။

" ဒုတိယထပ်မှာ ကျူးကျော်သူရောက်နေတယ်.. စစ်ကူတွေလွှတ်ပေး"

one-one မ fight ပဲ  စစ်ကူခေါ်နေတဲ့ တပ်သားကြောင့် နှာခေါင်းရှုံလိုက်သည်။ ငကြောက်..
ရပါတယ်။ သူပိုသတ်ရတာပေါ့ ။ မထူးတော့တာနဲ့ သက်ပြင်းချပီး အကာကွယ်ယူနေရာကနေ ထွက်ပီး ရန်သူကို မျက်နှာချင်းလိုက်သည်။

ရန်သူက သူ ဟေးဒီးစ်မှန်း သိသွားတော့ မျက်လုံးပြူးပီး နောက်နှစ်လှမ်းဆုတ်သွားသည်။ ရန်သူပစ်တဲ့ ကျည်တွေက သူ လက်နဲ့ကာလိုက်တာ အောက်ကို ချက်ချင်းပြုတ်ကျကုန်သည်။ လက်ထဲက သေနတ်နဲ့ နှစ်ချက်လောက် ပစ်ပီး ရန်သူ မျက်နှာဆီကို သေနတ်ကိုလွှင့်ပစ်လိုက်သည်။

ဆက်ပစ်နေတာကြောင့် ရင်ဘတ်ကို သုံးချက်ထိသွားသည်။ အနားရောက်တာနဲ့ ရန်သူ လက်ထဲက သေနတ်ကို ဆွဲယူပီး ဒူးခေါင်းနဲ့ နှစ်ပိုင်းချိုးပီး အမှိုက်ပစ်သလို ပစ်လိုက်သည်။
ရန်သူကို ခေါင်းကဆွဲကိုင်ပီ နံရံနဲ့ ခေါင်းမကွဲမချင်း ဆောင့်ပေးလိုက်သည်။ လက်ထဲက အသက်မရှိတော့တဲ့ ခန္တကိုယ်ကို ပစ်ချရင်း သေနတ်ဒဏ်ကြောင့် ပေါက်သွားတဲ့ အကျီကိုကြည့်ပီး ကျိန်ဆဲမိသည်။

" ငါအကြိုက်ဆုံး အကျီကိုမှ!! "

စစ်ကူတွေ ရောက်လာတဲ့ ခြေသံကြားတော့ လက်ပိုက်ပီ စောင့်နေလိုက်သည်။ မြန်မြန်ပီလေ ကောင်းလေပဲ။

Redemption [Completed]Where stories live. Discover now