20

1.2K 183 46
                                    

reception ခုံကို လက်နဲ့ရိုက်ချလိုက်တော့ ကောင်မလေးက အလန့်တကြားမော့ကြည့်လာသည်။

" အပိုလို ရှိလား? "

သူ့အသံက ခံစားချက်နဲ့ မလိုက်အောင် တည်ငြိမ်လွန်းနေသည်။ သူ့ကို ကြောက်လန့်ပီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတဲ့ ကောင်မလေးက ခေါင်းခါပြသည်။

" မ..မရှိပါဘူး.. ချိန်းထားတာရှိလို့ အပြင်သွားတယ် "

အနီးကပ် သေချာစိုက်ကြည့်လိုက်တော့ ကောင်မလေးက လန့်ပီး နောက်ဆုတ်သွားသည်။ မူမမှန်တဲ့ သွေးခုန်နှုန်းရယ်.. အသက်ရှုပုံစံမမှန်တာရယ်.. ထိန်းမရအောင် ခုန်နေတဲ့ နှလုံးရယ်.. ဒါဆိုသေချာပီ ။ ဒီကောင်မလေး လိမ်နေတာ

" ကောင်းပီလေ "

လန့်ပီးတုန်နေတဲ့ ကောင်မလေးကို ဒီတိုင်းထားခဲ့ပီး ဓာတ်လှေကားဆီ ခြေလှမ်းကြဲကြဲနဲ့ လျှောက်သွားလိုက်သည်။ သူသွားတာမြင်တော့မှ သတိပြန်ဝင်လာတဲ့ ကောင်မလေးက သူ့ကိုတားဖို့ နောက်ကပြေးလိုက်လာသည်။ ဒါပေမယ့် ကောင်မလေး သူ့နား မရောက်ခင် ဓာတ်လှေကားတံခါးပိတ်သွားသည်။

တဖြည်းဖြည်းတပ်သွားတဲ့ နံပတ်တွေကိုကြည့်ပီး ခေါင်းမူးချင်သလိုဖြစ်လာသည်။ ဓာတ်လှေကားစီးရတာ လုံးဝမုန်းတယ်။ အလုံပိတ်ထဲမှာ အသက်ရှုကျပ်တယ်။ ဒီကြားထဲ အပေါ်တက်ရင် သူ့နှလုံးက အောက်ကိုပြုတ်ကျသွားသလို ခံစားရတဲ့ ခံစားချက်ကြီးကို မုန်းလိုက်တာ။

သူလိုချင်တဲ့ floor ရောက်တော့ ဒင်ခနဲ တံခါးပွင့်သွားသည်။ အပိုလိုရဲ့ secretary ကိုလဲ ဂရုမစိုက်ပဲ ရုံးခန်းတံခါးကို ခြေထောက်နဲ့ကန်ဖွင့်လိုက်သည်။
သူကန်လိုက်တဲ့ အရှိန်နဲ့ တံခါးက အတွင်းနံရံကို အသံကျယ်ကြီး မြည်ပီး ထိရိုက်သွားတော့မှ ခုံနောက်က အပိုလိုက ခေါင်းမော့ကြည့်လာသည်။

" ဘယ်သူတောင်းစားက -- ဟေးဒီးစ် "

အေး ငါပဲ.. မင်းကို သတ်မယ့် သေခြင်းနတ်ဘုရားငါပဲ

"ငါ့ကို အခုဆဲလိုက်တာလား"

မျက်စောင်းထိုးပီး အနားကပ်သွားတော့ အပိုလို ထိုင်ခုံထဲ ပိုကျုံ့ဝင်သွားသည်။

Redemption [Completed]Where stories live. Discover now