15

1.2K 169 55
                                    

" နေဦး ရှင်းရှင်းလင်းလင်းပြောရအောင် "

လက်တွေပြပီး ရှုပ်ရှက်ခတ်နေတဲ့ သာနိုတို့စ်ကို သူဒီတိုင်း မေးထောက်ပီး ကြည့်နေလိုက်သည်။ ဆားဘရက်စ် ကတော့ ဘေးကနေ သူ့ဝတ်စုံသူ ၀တ်ရင်း အလုပ်ရှုပ်နေသည်။

" ဟောစတမ်းအရ မွေးလာတဲ့ သားသမီးထဲက တယောက်က သူ့ကိုသတ်မယ်ဆိုလို့ အကုန်လုံးကို စားလိုက်တယ်ပေါ့ "

ဘာကို ရေးကြီးခွင်ကျယ်လုပ်နေမှန်း မသိတော့ စစ်ဝတ်စုံကို ပြင်ဝတ်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ ဟေးဒီးစ် စစ်တပ်ရဲ့ ယူနီဖောင်းက အပြာရောင်..

" wow အခု အဖေက တကယ်အတော်ဆုံး အဖေ လို့ စမြင်လာပီ သိလား "

သာနိုတို့စ်က ခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချပီး သူ့ကိုပြောတဲ့ စကားကြောင့် ခေါင်းခါမိသည်။ အ့ကောင် ဘယ်တော့မှ ရင့်ကျက်မှာလဲ။

" သွားမယ် GU ကိုနောက်ကျနေပီ "

မပြီးသေးတဲ့ နှစ်ကောင်ကို ဂုတ်ကဆွဲပီး GU ကိုသွားလိုက်သည်။ မရောက်ဖူးတော့ လှည့်ပတ်ကြည့်နေတဲ့ သာနိုတို့စ်နဲ့ ဆားဘရက်စ်ကို နောက်မှာ မကျန်ခဲ့အောင် ဆူရတာ အမော.. 

အစည်းအဝေးခန်း တံခါးကို တွန်းဖွင့်ပီး ၀င်သွားတော့ အခန်းထဲမှာ ဇူးစ်ကို ချက်ချင်းတန်းမြင်လိုက်သည်။ ရှာနေလို့တော့မဟုတ်ဘူး။ အခန်းထဲက တခြားသူတွေက အရေးမှမပါတာ..

အနက်ရောင် စစ်ဝတ်စုံနဲ့ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့ Kai ကိုမြင်တော့ သူတွေးမိတာ တခုထဲ ..

Sexy..

ဇူးစ်က သူ့အတွေးကို ကြာတော့ ဆတ်ခနဲ ခေါင်းထောင်လာပီး သူ့ကို စိုက်ကြည့်နေသည်။

ကလေးတွေ ရှိတယ် PG 13 ပဲထားမယ်

ပိုဆိုဒ်ဒွန် ဖြတ်ပြောတော့ ဟေးဒီးစ် မျက်စောင်းထိုးလိုက်သည်။ မနာလိုဖြစ်နေတာ မြင်မကောင်းဘူး ။

" လူစုံရင် ပြောစရာ ရှိတာ ပြောရအောင် "

အသီနာရဲ့စကားကြောင့် အားလုံးတိတ်သွားပီး အာရုံစိုက်နေကျသည်။ အသီနာ နောက်ကနေ ဆက် ကရောက်လာသည်။

Redemption [Completed]Where stories live. Discover now