12

1.3K 207 61
                                    

Olympus အတိုက်ခံနေရပီ..

အိပ်ယာထထချင်း ကြားလိုက်ရတဲ့ သတင်းကြောင့် နှစ်ယောက်သား သတင်းပို့ထားတဲ့ video ကို အမြန်ကြည့်မိသည်။

Video ထဲမြင်နေရတဲ့ အကောင်ကြီးကို မယုံနိုင်စွာ ကြည့်မိသည်။ အ့လောက်ကြီးတဲ့ အကောင်ရှိလို့လား?!!
အံ့ဩနေလို့ မဖြစ်သေး ။ အချိန်မရှိတာမို့ ချက်ချင်း ဈေးထဲကိုသွားလိုက်သည်။ သူတို့ရောက်တဲ့ အချိန်မှာပဲ နဂါးလိုလို အကောင်ကြီးက အဆောက်အဦးတခုရဲ့ အပေါ်ပိုင်းကို ပါးစပ်နဲ့ ကိုက်ဆွဲလိုက်တာ မြင်ရသည်။

အပြင်မှာ မြင်လိုက်ရတော့ video ထဲကထပ်ပိုကြီး နေသည်။ shit! ဇူးစ် နန်းတော်နီးပါးရှိမယ် ။ တကိုယ်လုံးဖုံးနေတဲ့ ရွှေရောင် အကြေးခွံတွေက နေရောင်အောက်မှာ တလက်လက်တောက်ပနေသည်။ ပါးစပ်ဖွင့်ပီး အော်လိုက်တော့ နားစည်ကွဲလောက်တဲ့ အသံနဲ့အတူ ချွန်ထက်တဲ့ သွားတွေကိုမြင်လိုက်ရသည်။

" သူတို့က စစ်တပ်နဲ့လာတာပဲ "

Kai အပြောကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
သစ်ပင်တွေပေါ်က လမ်းကြိုလမ်းကြားတွေက ပြေးထွက်လာတဲ့ လူအရွယ်အစား မျက်လုံးမရှိတဲ့ အကောင်တွေကို တွေ့လိုက်ရသည်။

" အ့စစ်တပ်ကို အပြတ်ဖြတ်တာပေါ့ "

လက်ထဲကမှာ တဖြည်းဖြည်းပုံပေါ်လာတဲ့ မီးတောက်တွေ ၀န်းရံနေတဲ့ ဓားနဲ့ သူတို့ဆီပြေးလာတဲ့ အကောင်တကောင်ရဲ့ မျက်နှာကို ခုတ်ချလိုက်သည်။

" အ့တာ ဘာကောင်တွေလဲ! အနံ့ကလဲ "

ဇူးစ် စကားကို သဘောတူမိသည်။ ထွက်လာတဲ့ သွေးတွေက ဆိုးလိုက်တဲ့ အနံ့ .. Kai ကလဲ သူ့ဓားကို ထုတ်လိုက်ပီး ဓားဘေးနားကို လက်နဲ့ထိလိုက်တော့ လျှပ်စီးတွေ ထွက်လာသည်။ တဖြည်းဖြည်း များလာတဲ့ တိုက်ခိုက်လာတဲ့ အကောင်တွေကို လျှပ်စီးနဲ့ ပစ်လိုက်သည်။ ဟ အကုန် အသားကင်တွေ ဖြစ်ကုန်ပီ။

" ငါလာပီ!! "

အော်သံကြားလို့ ချက်ချင်းလှည့်ကြည့်မိတော့ ဘယ်ကနေ ထွက်လာမှန်း မသိတဲ့ ဆားဘရက်စ် က သူ့နောက်ကျောက အကောင်ကို ဓားနဲ့ ခေါင်းဖြတ်သတ်လိုက်သည်။

Redemption [Completed]Where stories live. Discover now