14

1.3K 192 47
                                    

နောက်ထပ်ပြလာတဲ့ report ကိုကြည့်ပီး စားပွဲပေါ်ပစ်ချလိုက်သည်။ ဒါနောက်ဆုံးပဲ။ သည်းမခံနိုင်တော့ဘူး။ သူတို့မတိုက်ရင် ငါအရင် ဦးအောင်တိုက်မယ်။ ကြောင်နဲ့ကြွက် ဂိမ်း ကစားနေရတာ စိတ်မရှည်တော့ဘူး!!

" ဒီမှာ စောင့်ကြည့်ထား "

သာနိုတို့စ်နဲ့ ဆားဘရက်စ် ကို အမိန့်ပေးပီး Olympus ကိုထွက်လာခဲ့လိုက်သည်။

" Kai ..GU ကို ငါလဲလိုက်ခဲ့မယ် "

သူ့ကိုရုတ်တရက် မြင်လိုက်ရလို့ အံဩနေတဲ့ kai ကိုဂရုမစိုက်အားသေး ။ ရင်ဘတ်ထဲက နှလုံးဆွဲထုတ်ခံရသလို နာကျင်မှုကြောင့် ဘာမှမပြောနိုင်ပဲ ဒူးထောက်ကျသွားသည်။

" Kyungsoo ရူးနေတာလား! "

ဇူးစ် ပါးစပ်ကနေ တခုခုရွတ်လိုက်တော့မှ နာကျင်မှုတွေ ဖြည်းဖြည်းချင်း ပျောက်သွားသည်။ အသက်ရှုနှုန်း ပုံမှန်ပြန်ဖြစ်တော့မှ သူ့ကို ဆွဲထူနေတဲ့ ဇူးစ် လက်တွေကို တွန်းထုတ်လိုက်ပီး မတ်တပ်ရပ်လိုက်သည်။

" Kyung --"

" ပါးစပ်ပိတ်ထား!! GU လိုက်မယ် ဒါပဲ ထပ်မပြောနဲ့ ဆွေးနွေးစရာမရှိဘူး "

ဒေါသတကြီးနဲ့ underworld ကိုပြန်လာခဲ့လိုက်သည်။ ခံလိုက်ရတဲ့ နာကျင်မှုက သူ့ကိုအမှန်တရား မြင်အောင် ဖွင့်ပေးလိုက်သလို ဖြစ်နေသည်။ ကိုယ့်ကိုကိုယ် ပြန်ထိန်းစမ်း ဟေးဒီးစ်!

အခန်းတံခါးကို ဆောင့်ပိတ်ပီး တွေ့သမျှပစ္စည်းတွေ ပေါက်ခွဲနေတဲ့ သူ့ကို ဘယ်သူမှမနှောင့်ယှက်ရဲ။ သူ့ဒေါသကို အကုန်သိနေတော့ ရှောင်နေကျသည်။

ဒီလောက်.. သူတို့ ဒီလောက်ထိ နီးကပ်လာတာတောင် သူ့အပေါ်တိုက်ထားတဲ့ ကျိန်စာကို မဖြေပေးသေးဘူး။ Olympus မှာ သူ့ကိုမယုံလို့လား?  သူက သစ္စာဖောက်ဖြစ်နေတုန်းပဲလား? နေဦး သူအခု ဒီနေရာရောက်အောင် ဘယ်သူလုပ်ခဲ့တာလဲ? သတိထားစမ်းပါ!!

အခန်းထဲမှာ ပြောင်းလဲသွားတဲ့ လေထုနဲ့အတူ ဇူးစ်ရောက်နေပီ ဆိုတာ သိလိုက်သည်။

" Kyungsoo "

" ငါရော မင်းကို ကျိန်စာတိုက်လို့ မရဘူးထင်နေလား? "

Redemption [Completed]Where stories live. Discover now