1

7.1K 315 32
                                    

စကြဝဠာ အစ....

Titan လို့ခေါ်တဲ့ နတ်ဘုရားမျိုးနွယ်တွေဟာ ကမ္ဘာကြီးကို စောင့်ကြည့်ခဲ့ကြတယ်...

Titan တွေရဲ့ ခေါင်းဆောင် ယူရေးနပ်စ် ဟာ သူ့သား ခရိုနပ်စ် ( Titan of age and time) ရဲ့ ပုန်ကန်မှုကြောင့် ခေါင်းဖြတ်ခံရပီး ထီးနန်းလုယူခံခဲ့ရတယ်...

ဘုရင် ခရိုနပ်စ် နဲ့ ဘုရင်မ ရီရာ ( Titaness of fertility ) အုပ်ချုပ်မှုအောက်မှာ စကြဝဠာက အဆုံးစွန်ခံစားခဲ့ရတယ်...

တနေ့မှာ ဖီးဘီးလ် ( Titaness of prophecy) က သူမွေးလာတဲ့ သားသမီးတွေထဲက တယောက်က သူ့ကို ခေါင်းဖြတ်တော်လှန်မယ် ဆိုတဲ့..ဟောစတမ်းတခုကို ဘုရင် ခရိုနပ်စ် ဆီ ဆက်သခဲ့တယ်..

ရက်စက်တဲ့ ဘုရင် ခရိုနပ်စ် ဟာ အနာဂတ်ဟောစတမ်ုးကြောင့် စိတ်မသက်မသာဖြစ်ခဲ့ရတယ်.. ဒါကြောင့် သူဟာ မွေးလာတဲ့ သားသမီးတွေ အကုန်လုံးကို သတ်ပစ်ဖို့ကြိုးစားခဲ့တယ် ...

ဘုရင်မ ရီရာ ဟာ သားသမီး ခြောက်ယောက် ထွန်းကားခဲ့တယ်..

ဟက်စ်တီရာ (goddess of hearth)

ဒမီတာ (goddess of grain,fertility,harvest)

ဟီရာ (Queen of gods)

ဟေးဒီးစ် (god of death and wealth)

ပိုဆိုဒ်ဒွန် (god of sea and earthquake)

ဇူးစ် (King of gods)

...............

" ဒါဘာစကားပြောတာလဲ!!! ငါ့သားသမီးတွေက ငါ့ကိုပြန်သတ်မယ်ပေါ့ "

ခရိုနပ်စ် ရဲ့ ဒေါသကြောင့် အခန်းတခုလုံး တုန်လှုပ်သွားသည် ။ Titan အများစုက သူ့အုပ်ချုပ်ပုံကို မကြိုက်ပေမယ့် မပြောရဲတာကြောင့် ခေါင်းငုံ့ငြိမ်ခံနေရသည်။

" ဘုရင်မင်းမြတ်.. တကယ်ပြောတာပါ ကျွန်မပြောရင် ဘယ်တုန်းကလွဲဖူးလို့လဲ "

ဒေါသတကြီး ထိုးလိုက်တဲ့လက်သီးကြောင့် ရှေ့က စားပွဲ နှစ်ခြမ်းကွဲသွားသည်။ ဖီးဘီးလ် ကတော့ ထိတ်လန့်တုန်လှုပ်ဟန်မပြ ။ သူမရဲ့ ပုံစံအတိုင်း အေးစက်စက်သာ နေသည်။

" ဖြေရှင်းဖို့နည်းလမ်းရှိလား? "

သူမအစွမ်းနဲ့ အနာဂတ်ကို ကြည့်လိုက်ပေမယ့် နည်းလမ်းမတွေ့ ။ ဒီဘုရင် သေကိုသေရမှာပဲ ။ သူမ ခေါင်းခါလိုက်တော့ ခရိုနပ်စ် ဒေါသက တဖြည်းဖြည်းပိုကြီးလာသည် ။

Redemption [Completed]Where stories live. Discover now