6

1.3K 204 40
                                    

" ဘာလို့ငါ့ကို ဖမ်းထားတာလဲ ပြန်လွှတ်ပေး အခုချက်ချင်း!!"

သူ့ကိုမြင်တာနဲ့ သောင်းကျန်းနေတဲ့ ပါစီဖုန်း ကို ကြည့်ရင်း စိတ်မရှည်ဖြစ်လာသည်။

" ငါဖမ်းလာတာ မဟုတ်ဘူး "

" မလိမ်နဲ့ သစ္စာဖောက်ကောင်!! မနေ့က ငါမှတ်မိတယ် နင်အတင်းငါ့ကိုဖမ်းလာတာ..  ဘာလဲ ငါ့ကိုဖမ်းပီး ငါ့အဖေနေရာကို လုမလို့လား? နင်လိုလူမျိုးက ထီးနန်းနဲ့ မတန် ---"

ပါစီဖုန်း စကားမဆုံးခင် သူမကို နံရံမှာ ဆောင့်ကပ်လိုက်ပီး သူ့လက်တွေက သူမလည်ပင်းကို ရစ်ပတ်ထားပီးသား ဖြစ်နေသည်။ Kyungsoo ရဲ့ ဒေါသထွက်နေတဲ့ မျက်လုံးတွေက ပါစီဖုန်းရဲ့ ကြောက်ရွံ့နေတဲ့ မျက်လုံးတွေကို ပေါက်ထွက်မတတ် စိုက်ကြည့်နေသည် ။

" honey ငါပြောတာ သေချာနားထောင် "

သူ့အသံက ရေခဲတမျှ အေးစက်နေတာကို သတိထားမိသည်။

" ငါ့နေရာကိုလာပီး ငါ့ကိုစော်ကားတာကို ထိုင်ကြည့်နေမှာ မဟုတ်ဘူး.. ဇူးစ်ရဲ့ သမီးဆိုပီး သတ်ဖို့ဝန်လေးမယ် မထင်လိုက်နဲ့ အ့တော့ ခေါင်းနဲ့ခန္တာကိုယ်နဲ့ မြဲချင်သေးရင် ငါ့အကြံပေးတာကို သေချာမှတ်ထား ..  "

သူ့ဒေါသနဲ့ အတူ အခန်းအပူချိန်လဲ တဖြည်းဖြည့်လျော့ကျ လာတာကို သိလိုက်သည်။ သူထိန်းထားတဲ့ သေခြင်းအစွမ်းတွေ မျက်နှာပြင်ကို ထိန်းမရအောင် နီးကပ်လာသည်။ အခန်းထဲကသူတွေအကုန်လုံး သေခြင်းနီးလာတာကို ခံစားလိုက်ရတော့ ကျောချမ်းသွားသည်။

" အစကတော့ မင်းလို ပြသနာကို ပြန်ပို့မလို့ပဲ..  အခုတော့ ငါပဲ ဖမ်းထားသင့်တယ် မထင်ဘူးလား? ငါ့ကို စိန်ခေါ်ဖို့မစဉ်းစားနဲ့..  God of death ဆိုတာ အမည်ခံသက်သက်မဟုတ်ဘူး "

ပါစီဖုန်း ကို လက်ထဲက လွတ်ချလိုက်ပီး ဆားဘရက်စ် ဆီ ပြန်လှည့်လိုက်သည်။ ဒေါသထွက်နေတာကြောင့် သူ့ရဲ့ သေခြင်းအစွမ်းကို မနည်းထိန်းထားရသည်။

" သူ့ကို ဖမ်းထားလိုက် "

အခန်းထဲမှာ ဘယ်သူမှမရှိတော့မှ ဖြည်းဖြည်းချင်း တခြားအရာတွေ စဉ်းစားပီး စိတ်ကိုလျှော့လိုက်သည်။ တော်သေးတယ် ဒီတခါသူထိန်းချုပ်နိုင်လို့..  မဟုတ်ရင် underworld မှာ အသက်ရှင်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး ။

Redemption [Completed]Where stories live. Discover now