9

1.3K 202 54
                                    

" သူတို့က အမှောင်အင်အားကို မှီခိုတာ.. ငါ့အထင် စကြဝဠာ အစက ရှိခဲ့တဲ့ အမှောင်ထုကို ပြန်သွားချင်တာ ဖြစ်မယ် .. ငါတို့ လုပ်နိုင်မှာက ကာကွယ်နိုင်ရုံပဲ ရှိတယ်။ ပီးတော့ ဟိုတခေါက်က ဇူးစ် ကို ပြောသွားချက်အရ ဆိုရင် စိတ်ခံစားမှုပေါ်မူတည်တာပဲ ။ emotion အရ healthy ဖြစ်ရင် သူတို့ဘာမှ မလုပ်နိုင်ဘူး "

သူ ရှင်းပြလို့ ပီးသွားတော့ ရေတခွက် မော့သောက်လိုက်သည်။ ရှေ့က သုံးယောက်ကတော့ သူ့ကိုကြည့်နေတုန်း ။

" မင်း အ့တာကို ဘယ်ချိန်က စဉ်းစားလိုက်တာလဲ? "

ခဏကြာတော့မှ မေးတဲ့ ပိုဆိုဒ်ဒွန် အမေးကို လက်ရမ်းပြလိုက်သည်။ ဒါမျိုးက စဉ်းစားစရာ မလိုပါဘူး ။

" မနက် အိပ်ယာနိုးလာတော့ "

" အိပ်ယာနိုးလာတာနဲ့ အဖြေထွက်လာတယ်ပေါ့ "

မယုံနိုင်စွာ မေးတဲ့ ဆားဘရက်စ် အမေးကြောင့် သူပြုံးမိသည်။ သူတို့တွေ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး ။

" ငါက မင်းတို့လို မဟုတ်ဘူး..  ဦးနှောက်ဆိုတဲ့ အရာရှိတယ် "

စကားအဆုံးမှာ မျက်စောင်းသုံးခုက သူ့ဆီ ရောက်လာပေမယ့် ဂရုမစိုက်မိ ။ haters gonna hate ပဲလေ။

" တော်ပီ ဒီမှာ ဆက်မနေနိုင်တော့ဘူး ခေါင်းကိုက်တယ် "

ပျောက်သွားတဲ့ ဆားဘရက်စ် နဲ့ ပိုဆိုဒ်ဒွန် ကို စိတ်ထဲမထားပဲ Kai ကိုမျက်နှာချင်းဆိုင်လိုက်သည်။

" ဘယ်တုန်းထဲက အထီးကျန်နေတာလဲ? "

တည့်တိုးမေးတဲ့ သူ့မေးခွန်းကြောင့် ဇူးစ် မျက်လုံးတွေ ဒေါသကြောင့် အရောင်တောက်လာသည်။

" အခုတော့ မင်းက therapist ဖြစ်ပီလား? "

ခနဲ့တဲ့တဲ့ ပြန်မေးတဲ့မေးခွန်းကြောင့် သူမျက်မှောင်ကျုံ့မိသည်။ အ့လူကြီး ပြသနာ က ဘာလဲဟ..  အကုန်လုံးအတွက် ကူညီဖို့ ကြိုးစားနေတာကို.. 

" ငါမေးတာသာ ဖြေစမ်းပါ "

" ......... "

ပြန်မဖြေပဲ သူ့နောက်က နံရံကိုပဲ စိုက်ကြည့်နေတဲ့ Zeus ကြောင့် စိတ်မရှည်ဖြစ်လာသည်။

Redemption [Completed]Where stories live. Discover now