Chapter 170 : ဘာလို့အကုန်​သတ်​​နေတာလဲ?

8.9K 800 11
                                        

<ZAWGYI>

သူ့အသံကသာယာ​ပေမယ့်​သူ့စကားလုံး​တွေက​တော့ဓားတစ်​လက်​လိုထက်​မြက်​လှသည်​။သူသာဒီစကား​တွေကိုအခြား​ကောင်​မ​လေးတစ်​​ယောက်​ကိုသွား​ပြောခဲ့ရင်​​ဒေါသထွက်​ပြီးကိုယ့်​ကိုယ်​ကိုမထိန်းချုပ်​နိုင်​ပဲရှက်​လွန်းလွန်း​ခေါင်းငုံ့ထားကြမည်​ဖြစ်​သည်​။ဒါ​ပေမယ့်​Gu Xijiuက​တော့ဂရု​တောင်​မစိုက်​တဲ့အပြင်​​နေရာမှာပဲတည်​တည်​ငြိမ်​ငြိမ်​နဲ့ရပ်​​နေကာသူ့ကိုပြန်​ကြည့်​​နေလိုက်​သည်​။

Di Fuyiသူမကိုထပ်​ကြည့်​လိုက်​ကာစ​နောက်​ချင်​​ပေမယ့်​နူးညံ့တဲ့အသံနဲ့​ပြောလိုက်​​သည်​။"မင်းကစွမ်းရည်​​တွေကိုဘုရားသခင်​ဆီကလက်​ခံရရှိထားတယ်​လို့​ပြောတဲ့တစ်​​ယောက်​လား?"

"ဟုတ်​တယ်​..စွမ်းရည်​အချို့ကိုအိမ်​မက်​ထဲကလူတစ်​​ယောက်​ဆီကလက်​ခံရရှိခဲ့တယ်​။အဲ့တာက​မိုး​ကောင်းကင်​ဆီကလက်​ခံရရှိတာလို့ထင်​တာပဲ"Gu Xijiuပညာသားပါပါ​ဖြေလိုက်​သည်​။

ထိုအချိန်​မှာLong SiyeကGu Xijiuကိုကြည့်​ပြီးDi Fuyiကိုကြည့်​ကာ​ပြောလိုက်​သည်​။"သူမကစွမ်းရည်​​တွေကို​ကောင်းကင်​ကလက်​ခံရရှိတာမဖြစ်​နိုင်​ပါဘူး..ဒါ​ပေမယ့်​..ဒါ​ပေမယ့်​..​တစ်​​ယောက်​​ယောက်​ကသူမပါရမီရှိတာသိပြီး​ဆေးပညာနဲ့ကွန်​ဖူးပညာရပ်​အချို့ကိုအိမ်​မက်​ထဲကတစ်​ဆင့်​သင်​​ပေးတာဖြစ်​နိုင်​တယ်​။သူမကငယ်​​သေးတာ​ကြောင့်​ဒီအ​ကြောင်းအရာနှစ်​ခုကြားကကွဲပြားခြားနားချက်​ကိုမသိ​လောက်​​သေးပါဘူး။ဒါ့​ကြောင့်​သူမအမှတ်​မှားတာဖြစ်​ပါလိမ့်​မယ်​။"

Di Fuyiဖြည်းဖြည်းချင်းရယ်​​မောကာ​ပြောလိုက်​သည်​။"မင်းဒီ​နေ့တစ်​​ယောက်​​ယောက်​အစားကူ​ပြော​ပေးလိမ့်​မယ်​လို့မထင်​ထားဘူး။ဂိုဏ်း​ခေါင်း​ဆောင်​နဲ့သူမနဲ့ကဘယ်​လိုပါတ်​သတ်​​နေလို့လဲ?"

Long Siyeအမူအယာကင်းမဲ့သွားသည်​။"မပါတ်​သတ်​ပါဘူး..။သူမက​ကောင်းမွန်​တဲ့တပည့်​တစ်​​ယောက်​ဖြစ်​နိုင်​တယ်​လို့ထင်​တာ​ကြောင့်​သူမကိုတပည့်​အဖြစ်​​ခေါ်သွားမလို့ပါ.."

အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]Donde viven las historias. Descúbrelo ahora