Chapter 137 : လိပ်​ပြာမလုံ

9.3K 970 24
                                        

<ZAWGYI>

ဧကရာဇ်ခေါင်းခါလိုက်သည်။"မဟုတ်ပါဘူး..။ဒီကိစ္စကXijiuနဲ့ဘာမှမဆိုင်ဘူး။ကြည့်ရတာRong Yiကိုလူသတ်သမားတစ်ယောက်သတ်သွားပုံပဲ.."

Feixingနိုင်ငံကလူသတ်သမားငှါးတဲ့ဈေးကအရမ်းပဲမြင့်မားလွန်းတာကြောင့်တစ်ယောက်ငှါးနိုင်တဲ့လူဆိုတာရှားပါးသည်။အတွေ့အကြုံရှိတဲ့လူသတ်သမားဆိုပြောနေဖို့တောင်မလိုပေ..။ကြည့်ရတာတော်ဝင်မိသားစုဝင်တွေသာဒီလိုလုပ်နိုင်သည်။

တော်ဝင်မင်းသားတွေကကိုယ်ခံပညာတတ်ကျွမ်းတဲ့အစောင့်တွေရဲ့စောင့်ကျပ်ခြင်းခံရသည်။သူတို့သာလူသတ်ချင်ရင်အစောင့်တွေကိုလွှတ်လိုက်ပြီးလူသတ်သမားငှါးရန်မလိုပေ..။

အသုံမကျတဲ့ကောင်ပဲ!

ဧကရာဇ်Rong yanကိုအေးစက်စက်ကြည့်လိုက်သည်။"မင်းဘာလုပ်ခဲ့တာလဲ?"

Rong Yanစိုးရိမ်သွားသည်။"ဖခမည်းတော်..Rong yiသေဆုံးမှုကကျွန်တော်နဲ့လုံးဝမသတ်ဆိုင်ပါဘူး။ဟုတ်သားပဲ..အဲ့နေ့ကGu Xijiuအိမ်ကထွက်သွားတယ်ဆိုတာတစ်ယောက်ယောက်မျက်မြင်သက်သေလုပ်ပေးနိုင်ပါတယ်။"

ဧကရာဇ်အေးစက်စက်မေးလိုက်သည်။"ဘယ်သူတွေ့ခဲ့လို့လဲ?"

"Tianquinနဲ့သူ့အစေခံနှစ်ယောက်ပါ.."

ဧကရာဇ်စားပွဲခုံကိုရိုက်လိုက်သည်။"အဓပ္ပါယ်မရှိလိုကတာ..!သူမကမင်းနဲ့ပါတ်သတ်နေတာကိုသူမစကားကိုဘ်ာသူကယုံမှာတဲ့လဲ?"

"အစေခံနှစ်ယောက်.."Rong Yanသူတို့ကိုစိုက်ကြည့်လိုက်သည်။"မင်းတို့တွေ့ခဲ့တာကိုပြောလိုက်ပါ..မတွေ့ခဲ့ဖူးလား?"

အစေခံနှစ်ယောက်ကလျှို့ဝှက်ချက်ပေါက်ကြားသွားမှာစိုးတာကြောင့်Rong Yanသတ်ချင်ခဲ့သူတွေဖြစ်သည်။
ဒီအချိန်မှာအစေခံနှစ်ယောက်ကကြမ်းပေါ်ဒူးထောက်ချလိုက်ပြီးခေါင်းခါလိုက်သည်။"မဟုတ်ဘူး..မမလေးGu tianquinကကျွန်မတို့ကိုအဲ့လိုပြောခိုင်းပြီးစုံစမ်းရေးဌာနကိုသတင်းပို့ခိုင်းခဲ့တာပါ။တကယ်တော့..ကျွန်မတို့ဘာမှမတွေ့ခဲ့ပါဘူး.."

Rong Yanနဲ့Gu Tianquinအသံတိတ်သွားကြသည်။

အစေခံနှစ်ယောက်ဒူးထောက်ပြီးဥိးညွတ်လိုက်သည်။"အရှင်မင်းကြီး.ာကျွန်မတို့ကမမလေးGu Tianquinရဲ့အမိန့်ကြောင့်လုပ်ခဲ့ရတာပါ။ကျွန်မတို့တိုင်ကြားပြီးရင်ငွေတစ်ထောင်ဆုချမယ်လို့လည်းကတိပေးခဲ့ပါတယ်။တကယ့်သာကျရှုံးခဲ့ရင်ကျွန်မတို့ကိုထောင်ထဲမရောက်စေရပါဘူးလို့တောင်ကတိပေးခဲ့ပါတယ်။ဒပေမယ့်..ကျွန်မတို့သူမခိုင်းခဲ့တာကိုအောင်အောင်မြင်မြင်လုပ်ပေးနိုင်ခဲ့တာတောင်ကျွန်မတို့ကိုလုံးဝဂရုမစိုက်ဘူးလို့မထင်ခဲ့မိဘူး။ ကျွန်မတို့ထောင်ထဲရောက်နေချိန်ဂရုမစိုက်ခဲ့ရုံမကကျွန်မတို့ကိုသတ်ဖို့လူတောင်လွှတ်ခဲ့ပါသေးတယ်ကောင်းစွာနဲ့အမတ်ကြီးLuကကျွန်မတို့ကိုကယ်ဖို့ရောက်လာခဲ့လို့ပေါ့..မဟုတ်ရင်ဒီအချိန်ကျွန်မတို့ထောင်းထဲမှာသေနေလောက်ပါပြီ.."

အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]Donde viven las historias. Descúbrelo ahora