Chapter 157 : ရဲရင့်​မှု

9.3K 876 42
                                        

<ZAWGYI>

ဧကရာဇ်​စိတ်​သက်​သာရာရသွား​ပေမယ့်​က​လေးတစ်​​ယောက်​ကဘာလို့အဲ့​လောက်​ထိရဲရင့်​ရတာလဲဆိုတာသိချင်​​နေမိသည်​။

သူမကမိစ္ဆာပူးကပ်​​နေတာမဟုတ်​ဘူးဆိုတာကိုသူသိ​နေတာ​တောင်​ဧကရာဇ်​ကရှုပ်​​ထွေး​နေတုန်းပင်​..။

ရိုးစင်းပြီးစိုးရိမ်​​နေပုံ​ပေါ်တဲ့Gu Xijiuကို​တွေ့​နေရတာကသူ့ကိုစိတ်​သက်​သာရာရ​စေသည်​။တကယ်​​တော့သူ​ပျော်​​နေသည်​။အရည်​အချင်းရှိတဲ့သူတစ်​​ယောက်​ကို​တွေ့ဖို့ကခက်​ခဲပြီးမိစ္ဆာရဲ့ပူးကပ်​ခြင်းမခံထားရတဲ့သူကို​တွေ့ဖို့ကပိုခက်​ခဲတဲ့စိန်​​ခေါ်မှုတစ်​ရပ်​ဖြစ်​သည်​။

ဧကရာဇ်​လည်​​ချောင်းရှင်းပြီး​ပြောလိုက်​သည်​။"Xijiu..မင်းအဆင်​​ပြေတာငါတို့အတွက်​​ကောင်းချီးတစ်​ခုပဲ။သွား​အောင်​!ငါတို့Baoheအ​ဆောင်​​တော်​ဆီသွားမယ်​။မင်း​ကို​​ပြောစရာတစ်​ခုရှိတယ်​။"

သူ့ရဲ့ဂရုစိုက်​မှုကိုပြသဖို့ဧကရာဇ်​ကသူမရဲ့လက်​ကိုကိုင်​ပြီး​လျောက်​သွားသည်​။

ဒါကဧကရာဇ်​ဆီက​ကောင်းချီး​ပေးမှုတစ်​ခုဖြစ်​တာ​ကြောင့်​Gu Xijiuမငြင်းပယ်​​ပေ။ဒါ​ပေမယ့်​သူတို့ထွက်​သွား​နေတဲ့အချိန်​မှာGu Xijiuခလုတ်​တိုက်​ပြီး​ကျောက်​တုံး​တွေ​ပေါ်လဲကျသွားသည်​။ကံ​ကောင်းစွာနဲ့သူမမြန်​မြန်​တုန့်​ပြန်​လိုက်​ပြီး​ကျောက်​တုံးကိုဖက်​လိုက်​တာ​ကြောင့်​​ကျောက်​တုံးကတုန်​ခါသွားပြီးပြုတ်​ကျလုနီးပါးဖြစ်​သွားခဲ့သည်​။

"သတိထား"အုပ်​ထိန်းသူHuoက​ရှေ့ကိုမြန်​မြန်​တိုးလာခဲ့ပြီးသူ့ရဲ့တန်​ဖိုးရှိတဲ့​ကျောက်​တုံးကိုထိန်းထားလိုက်​သည်​။

အဲ့တာကကျိုးပဲ့မလွယ်​​ပေမယ့်​တန်​ဖိုးရှိသည်​​ကျောက်​တုံးသာတစ်​ခုခုဖြစ်​သွားရင်​​ဘေးအန္တရာယ်​​တွေဖြစ်​လာနိုင်​သည်​။အုပ်​ထိန်းသူHuoက​ကျောက်​တုံးကိုပဲအာရုံ​ရောက်​​နေတာ​​ကြောင့်ေ​ကျာက်​တုံးကိုတိုက်​လိုက်​တဲ့သူကိုသတိမရ​ပေ။Gu Xijiuကသူ့လက်​​​ပေါ်လဲကျလာခဲ့သည်​။

အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]Where stories live. Discover now