Chapter 152 : ​နောက်​​ယောင်​ခံလိုက်​​ခြင်း

9.1K 809 7
                                        

<ZAWGYI>

ထိုပ​ဟေဠိဆန်​တဲ့သူကမြစ်​ထဲမှာ​နေတာများဖြစ်​နိုင်​လား?

ထိုပ​​ဟေဠိဆန်​တဲ့သူကမြစ်​ထဲမှာ​နေတဲ့ဝိညာဉ်​ဖြစ်​​တယ်​ဆိုတဲ့ဖြစ်​နိုင်​​ချေကိုGu Xijiuစဉ်းစားမိလိုက်​သည်​။

"သခင်​..ကျွန်​​တော်​တို့ဘာလုပ်​သင့်​လဲ?"​ကောင်းကင်​​ကျောက်​တုံး​မေးလိုက်​သည်​။

"ဘာလုပ်​ရမှာလဲ?အိမ်​ပြန်​ပြီးအိပ်​ရမှာ​ပေါ့!"Gu Xijiuပြန်​​ဖြေလိုက်​ပြီးသူမအိမ်​ရှိရာဘက်​ကိုပြန်​ထွက်​လာခဲ့သည်​။

"ဘာ?ဒါပဲလား?ထပ်​မစစ်​​ဆေး​တော့ဘူးလား?"​ကောင်းကင်​​ကျောက်​တုံးကGu Xijiuကိုပြန်​စဉ်းစားဖို့မဲဆွယ်​​နေသည်​။

Gu Xijiuပြန်​မ​ဖြေ​ပေမယ့်​သူမကြည့်​ရတာအစီအစဉ်​ရှိပုံပင်​..၊

သူမမှာထိုထူးဆန်းတဲ့လူနဲ့ပါတ်​သတ်​ပြီးသတင်းအချက်​အလက်​အချို့ရထား​ပေမယ့်​သူမဒီထက်​ပိုတဲ့သတင်းအချက်​အလက်​အသစ်​​တွေလိုအပ်​သည်​။

ဥပမာ..သူမကိုသစ်​ပင်​​ပေါ်က​နေ​ချောင်း​နေတဲ့သူကထိုပ​ဟေဠိဆန်​တဲ့လူပဲ။ဒါ့အပြင့်​သူ့ကိုယ်​ခံပညာကLong Siyeထက်​မ​တော်​ရင်​​တောင်​သူ့​လောက်​​တော့​တော်​သည်​။ဒါ့အပြင်​သူ့ကိုယ်​နံ့က​တော်​ဝင်​မိသားစု​တွေဆီကသာရတတ်​တဲ့အနံ့မျိုးဖြစ်​ပြီးပိုပြီး​တောင်​ထူးဆန်းသည်​။သူမအဲ့တာကိုအရင်​ကမင်းသမီးနဲ့Rong Jialuoဆီကသာရဖူးသည်​။

သူမအတွက်​ဒီပ​ဟေဠိဆန်​တဲ့လူကိုရှာ​တွေ့ဖို့အးမလွယ်​ကူ​ပေ။သူမRong Jialuoဒါမှမဟုတ်​Rong Cheနဲ့စကား​ပြောဖို့လိုပြီးဒါမှသာအမှန်​တရားက​သူ့ဘာသာ​ပေါ်လာမည်​ဖြစ်​သည်​။ထိုသူဘယ်​သူလဲဆိုတာသူမသိတာနဲ့သူနဲ့အဆုံးသတ်​ဖို့အစီအစဉ်​မြန်​မြန်​​ရေးဆွဲရမည်​။

မြို့ကိုပြန်​လာတဲ့လမ်းမှာ​ကောင်းကင်​​ကျောက်​တုံးကသူမကိုသတိ​ပေးလိုက်​သည်​။"သခင်​..တစ်​​ယောက်​​ယောက်​​နောက်​​ယောင်​ခံလိုက်​လာတယ်​။"

"သိတယ်​"Gu Xijiuပြန်​​ဖြေပြီးဆက်​​ပြောလိုက်​သည်​။"ငါဒါကိုရည်​ရွယ်​ချက်​ရှိရှိလုပ်​​နေတာ"

အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]Where stories live. Discover now