<ZAWGYI>
Gu Tianchaoသူ့အဖေရဲ့လျစ်လျူရှူခြင်းခံရတာဒါပထမဦးဆုံးအကြိမ်ဖြစ်သည်။သူဒေါသထွက်ထွက်နဲ့လက်သီးကိုဖြည်းဖြည်းချင်းဆုပ်လိုက်သည်။
ကမ္ဘာကြီးကပြောင်းလဲသွားပြီပဲ...
ဟင့်အင်း...သူဒီလိုကိစ္စမျိုးလုံးဝအဖြစ်ခံမှာမဟုတ်ဘူး။"ဒီကောင်မလေးကမြက်ပင်လောက်တောင်အသုံးမဝင်ဘူး။မြက်ပင်ကမှလူတွေတက်နင်းဖို့ထိုက်တန်သေးတယ်။သူ့အာရုံစိုက်မှုကိုသူမဘယ်လိုရသွားတာလဲ?"သူစိတ်ထဲကနေမေးလိုက်သည်။
သူGu Tianquinကိုကြည့်လိုက်သည်။သူမနှုတ်ခမ်းကလည်းတင်းတင်းစေ့ပိတ်ထားခဲ့သည်။
သူမျက်လုံးအရောင်လက်သွားပြီးပြောလိုက်သည်။"Tianquin..ငါနဲ့လိုက်ခဲ့။မေးစရာရှိတယ်။"
ပြီးတော့သူခြံဝန်းထဲကနေထွက်သွားပြီးGu Tianquinလည်းသူမအစ်ကိုနောက်ကလိုက်သွားခဲ့သည်။
သူတို့်ကGu Xietianရဲ့အမွေဆက်ခံသူတွေအဖြစ်ဆင်းသက်လာခဲ့တာဖြစ်လို့ဘယ်သူမှသူ့ပိုင်ဆိုင်မှုတွေနဲ့မထိုက်တန်ဘူး...။
******
Gu XijiuကGu Xietianရဲ့စာကြည့်ခန်းထဲကိုခေါ်ဆောင်ခြင်းခံခဲ့ရပြီးသူမဆက်ဆံခဲ့ရတာတွေအတွက်လျော်ကြေးအနေနဲ့ကြိုက်တဲ့အဖိုးတန်ပစ္စည်းတွေရွေးယူခိုင်းခဲ့သည်။သူကစစ်သူကြီးအဖြစ်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တာမို့သူ့စာကြည့်ခန်းထဲမှာကောင်းကောင်းမွန်မွန်စီစဉ်ထားတဲ့အဖိုးတန်ပစ္စည်းတွေအများကြီးရှိသည်။
Gu Xijiuလည်းအဖိုးတန်းပစ္စည်းတွေရွေးယူဖို့ဘယ်ရှက်ပါ့မလဲ!သူမကအမြင်ကောင်းတာကြောင့်သူမရွေးယူသမျှကအသုံးဝင်တာတွေကြီးပင်။ဥပမာ-နှစ်ဖက်ချွန်ဓား၊ရွှေရောင်ကာကွယ်ရေးသံချပ်ကာအင်္ကျီ၊အပြာရင့်ရင့်သိုလောင်ရေးအိတ်တစ်လုံးတို့ဖြစ်သည်။
"Xijiu..ဘာလို့ဒီပစ္စည်းတွေရွေးတာလဲ?"Gu Xietianသူမလက်ထဲကအိတ်ကိုကြည့်ပြီးမေးလိုက်သည်။ဒီလိုအိတ်မျိုးကရှားပါးပေမယ့်သူ့အခန်းထဲမှာနှစ်ခုတောင်ရှိသည်။
VOCÊ ESTÁ LENDO
အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]
RomanceAuthor(s) Mu Danfeng 穆丹枫 I just translate this story and this story isn't belong to me. Full credit to original author(s) and english translation team. I also don't own any of the pics... Synopsis: modernခေတ်မှာကျွမ်းကျင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက...
![အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]](https://img.wattpad.com/cover/158509864-64-k315029.jpg)