<ZAWGYI>
"ကျွန်မကိုသူ့ကိုကယ်စေချင်နေတာလား?ရှင်ကျွန်မကိုယုံလို့လား?"Gu Xijiuမေးလိုက်သည်။
Yu Gelaoဆိုးရွာဲး့ခြေအနေတွေအကုန်မျှော်လင့်ထားပြီးဒူးထောက်လိုက်သည်။"အင်း..ငါမင်းကိုယုံတယ်။ငါမင်းကိုယုံပါတယ်။ကျေးဇူပြုပြီးသူ့ကိုကယ်ပေးပါ"နောက်ဆုံးဖြစ်နိုင်ချေတစ်ခုရှိနေသေးတာကမျှော်လင့်ချက်လုံးဝမရှိတော့တာထက်စာရင်တော့ကောင်းပါသည်။
Gu Xixiမျက်နှာတစ်ခုလုံးမည်းမှောင်နေသည်။"သူမိထားတဲ့အဆိပ်ကပြင်းတယ်။ပြီးတော့သူကလုံးဝသေမှာပဲ"
Gu Xijiuသူမကိုလျစ်လျှူရှူလိုက်ပြီးYu Mubaiဆီလျောက်သွားလိုက်သည်။တွေကို့ပါးစပ်ဟခိုင်းကာဆေးတစ်လုံးပစ်ထည့်လိုက်ပြီးမြိုချခိုင်းလိုက်သည်။
နောက်Gu Xijiuအိမ်ရှေ့စံRong Jialuoကိုကြည့်လိုက်သည်။"အရှင်မင်းသား..ကျွန်မကိုကူညီပေးနိုင်မလား?"
Rong Jialuoကတည့်တိုးမေးလိုက်သည်။"ဘာကိုလဲ?"
"ဒီကလေးကိုကယ်ဖို့သူရဲ့အဓိကငွေးကြောနေရာအချို့ကိုနှိပ်နယ်ပေးဖို့လိုပါတယ်။ကံမကောင်းတာကကျွန်မမှာဒီလိုလုပ်ဖို့စိတ်စွမ်းအင်မရှိပါဘူး..။"
Rong Jialuoလျောက်သွားလိုက်သည်။"ကောင်းပြီလေ..ဘာလုပ်ရမလဲဆိုတာသာပြောပါ"
Gu Xijiuလည်းနှိပ်နယ်ပေးရမယ့်အကြောနေရာတွေနဲ့သုံးရမယ့်အားပမာဏကိုပြောလိုက်သည်။
ငြင်းဆန်ခြင်းလုံးဝမပြုဘဲRong Jialuoကသူမညွှန်ကြယးချက်အတိုင်းချက်ချင်းလိုက်နာလိုက်သည်။သူကနှိပ်နယ်ရမယ့်နေရာတွေကိုလုံလောက်တဲ့အားနဲ့အတိအကျနှိပ်နယ်ပေးလိုက်သည်။
လူတိုင်းစိုးရိမ်နေကြပြီးဂရုတစိုက်ကြည့်ရှူနေကြသည်။သူ့သက်တောင်မရှူရဲကြပေ..။
Gu Xixiမနေနိုင်ပဲပြောလိုက်သည်။"သူကကုသလို့မရဖြစ်နေပြီ..ဒါ့အပြင်အားသုံးတာလည်းအကျိုးမရှိဘူး..."
သူမစကားမဆုံးသေးခင်မှာပဲလူတိုင်းကသူမကိုထောင့်ပေါင်းစုံကနေစိုက်ကြည့်နေသည်။
အဓိပ္ပါယ်ကသိသာပါတယ်။သူတို့သူမကိုပါးစပ်ပိတ်ခိုင်းထားစေချင်ကြသည်။ပြီးတော့တစ်ယောက်ယောက်အသက်ကယ်နေတုန်းမနှောက်ယှက်စေချင်ကြ...
BẠN ĐANG ĐỌC
အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]
Lãng mạnAuthor(s) Mu Danfeng 穆丹枫 I just translate this story and this story isn't belong to me. Full credit to original author(s) and english translation team. I also don't own any of the pics... Synopsis: modernခေတ်မှာကျွမ်းကျင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက...
![အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]](https://img.wattpad.com/cover/158509864-64-k315029.jpg)