<Zawgyi>
သူမလိုအပ်တဲ့ဆေးဝါးအချို့ကအရမ်းရှားပါးပြပီးတောရိုင်းတိရစ္ဆာန်ကြီးတွေနဲ့မွန်းစတားတွေရှိတဲ့အန္တရာယ်များတဲ့ဒေသတွေမှာပဲပေါက်ရောက်တယ်။ကိုယ့်ခံပညာအဆင့်လေးလောက်သာမရှိရင်ဘယ်သူမှအဲ့နေရာကိုမဝင်နိုင်ဘူး။ဒါကပဲအဲ့ဆေးဝါးတွေဈေးအရမ်းကြီးနေရတဲ့အကြောင်းအရင်းပဲ..။ဆေးပင်တစ်ပင်ကိုတောင်မှငွေထောင်ပေါင်းများစွာနဲ့ရောင်းချနိုင်တယ်။
ဒါကြောင့်မို့ သူမရဲ့အဓိကတာဝန်ကဝယ်ဖို့ပိုက်ဆံရှာရင်ရှာ..မရှာရင်ဆေးပင်ကိုကိုယ်တိုင်သွားတူးရမှာပဲ...
သူမရဲ့စွမ်းရည်ကအဆင့်လေးမရောက်သေးပေမယ့်သူမမှာရွေ့ပြောင်းနိုင်တဲ့စွမ်းရည်ရှိတော့အကျပ်အတည်းနဲ့ရင်ဆိုင်လာရရင်သူမထွက်ပြေးလွတ်မြောက်နိုင်သေးတယ်။
သူမအစီအစဉ်ကိုစဉ်းစားနေတဲ့အချိန်မှာပဲသူမအခန်းအပြင်ကဆူညံသံတွေကြားလိုက်ရတယ်။ဒါနဲ့သူမလည်းချက်ချင်းပဲသလင်းကျောက်ဘူးလေးကိုပိတ်ပြီးလုံခြုံတဲ့နေရာမှာသိမ်းထားလိုက်တယ်။အဲ့နောက်စာအုပ်တစ်အုပ်ကိုကောက်ယူလိုက်ပြီးဖတ်ဖို့အိပ်ယာပေါ်လှဲချလိုက်တော့တယ်။
ခဏကြာတော့သူမအခန်းအပြင်ဘက်ကလှုပ်ရှားမှုအချို့ကိုသတိထားလိုက်မိတယ်။ပြီးတော့ကျော့ရှင်းတဲ့အသံလေးကိုကြားလိုက်ရတယ်။"ညီမခြောက်..အခန်းထဲမှာလား?"ကြားရတာတော့Gu Tianquinအသံပဲ။
အခန်းအပြင်ကအစေခံတွေကသူမခွင့်ပြုချက်မရှိဘဲဘယ်သူမှအခန်းထဲပေးမဝင်ရဘူးလို့Gu Xijiuရဲ့အမိန့်ပေးခြင်းခံထားရတယ်။
ဒါ့ကြောင့်အစေခံတွေကGu Tianquinနဲ့Gu Tianyiတို့ကိုအခန်းထဲမဝင်ဖို့တားမြစ်ပြီးသူတို့ရဲ့သခင်နေမကောင်းတာကြောင့်အခန်းထဲမှာအနားယူနေကြောင်းပြောနေတော့တယ်။ညီအစ်မနှစ်ယောက်လည်းအစေခံတွေရဲ့ဖြေရှင်းမှုကိုသံသယဖြစ်ပြီးသူမကိုလာစစ်ဆေးတော့တယ်။
သူတို့အခန်းထဲဝင်ဖို့အကြောင်းပြချက်ပေးပေမယ့်အစေခံတွေရဲ့တားဆီးခြင်းခံလိုက်ရတယ်။အဲ့တာကပိုပြီးသံသယဝင်စေတာကြောင့်Gu Tianyiလည်းအော်လိုက်တော့တယ်။"မင်းတို့ ရဲ့ သခင်အခန်းထဲမှာလား?"ပြီးတော့သူမအခန်းကိုဖျက်ဝင်ဖို့ကြိုးစားတော့တယ်။
ESTÁS LEYENDO
အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]
RomanceAuthor(s) Mu Danfeng 穆丹枫 I just translate this story and this story isn't belong to me. Full credit to original author(s) and english translation team. I also don't own any of the pics... Synopsis: modernခေတ်မှာကျွမ်းကျင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက...
![အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]](https://img.wattpad.com/cover/158509864-64-k315029.jpg)