<ZAWGYI>
လူတိုင်းကိုလက်ဆောင်လိုက်ပေးနေတဲ့သူမအစ်ကိုကိုသူမလေးစားစွာလိုက်ကြည့်နေပြီးကလေးဖြစ်ပေမယ့်သူမအတွက်လက်ဆောင်တစ်ခုမှမပေးတာကြောင့်ဝမ်းနည်းခဲ့သည်။
Gu Tianchaoလှည့်လိုက်ပြီးချောင်ထဲကသနားစရာကောင်မလေးကိုတွေ့လိုက်သည်။သူမကိုကရုဏာသက်သလိုခံစားလိုက်ရတာကြောင့်သကြားလုံးအချို့ထုတ်ယူကာသူမဆီပစ်ပေးခဲ့သည်။"မင်းအတွက်..."
ဒါကသကြားလုံးလေးအချို့ဖြစ်ပေမယ့်Gu Xijiuအတွက်တော့သူမကြီးပျင်းလာခဲ့တဲ့တစ်လျောက်ရဖူးတဲ့ပထမဆုံးလက်ဆောင်ဖြစ်သည်။သူမချက်ချင်းပဲပြုံးလိုက်သည်။သူမ သူမအစ်ကိုကိုအံ့သြမှုကျေးဇူးတင်မှုတွေနဲ့အတူကြည့်လိုက်သည်။ထိုအပြုအမူကGu Tianchaoကိုအတော်စိတ်ကျေနပ်စေတာကြောင့်နောက်သူပြန်လာတဲ့အချိန်တိုင်းသူမအတွက်တစ်ခုခုယူလာပေးလေ့ရှိသည်။
သူမလက်ခံရရှိတဲ့လက်ဆောင်ကအသုံးမဝင်ဆုံးအရာဖြစ်နေတာတောင်ထိုအရာကGu Xijiuရဲ့နေ့ရက်တွေကိုဖန်တီးပေးခဲ့သည်။ဒါ့ကြောင့်Gu Tianchaoအိမ်ပြန်လာတဲ့အချိန်တိုင်းသူမနဲ့အရင်းနှီးဆုံးသူလိုမျိုးသူ့ကိုကြိုဆိုဖို့သူမအိမ်ထဲကပျော်ပျော်ရွှင်ရွှင်ပြေးထွက်လာလေ့ရှိသည်။
သူမရဲ့တိုတောင်းလှတဲ့ဘဝထဲမှာကောင်းမွန်တဲ့အမှတ်တရအချို့တော့ရှိသည်။အဲ့တာကတော့တစ်ယောက်ယောက်ကသူမကိုအနည်းငယ်နွေးနွေးထွေးထွေးဆက်ဆံလိုက်တာနဲ့သူမတတ်နိုင်သမျှအစွမ်းကုန်သုံးပြီးပြန်လည်ပေးဆပ်လေ့ရှိတာပဲ။ဒါပေမယ့်သူမအစ်ကိုကသူမကိုဂရုစိုက်မှုတွေတောင်းခံနေတဲ့အိမ်ယာမဲ့ခွေးတစ်ကောင်လို့မြင်နေတာကိုတော့သူမမသိခဲ့ဘူး။
မူလGu Xijiuကသူမဘဝကိုအသက်ဆယ့်သုံးနှစ်မှာအဆုံးသတ်ခဲ့တာကြောင့်သူမအစ်ကိုဆီကရရှိတဲ့"ဂရုစိုက်မှု"ဆိုတာကိုနားမလည်ခဲ့ဘူး။ဒါပေမယ့်လက်ရှိGu Xijiuအတွက်တော့သိသာတာကြောင့်အရင်လိုကြိုဆိုဖို့ဆိုတာသူမအတွက်တော့မဖြစ်နိုင်ဘူး။
ESTÁS LEYENDO
အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]
RomanceAuthor(s) Mu Danfeng 穆丹枫 I just translate this story and this story isn't belong to me. Full credit to original author(s) and english translation team. I also don't own any of the pics... Synopsis: modernခေတ်မှာကျွမ်းကျင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက...
![အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]](https://img.wattpad.com/cover/158509864-64-k315029.jpg)