<Zawgyi>
"Xijiu..အဖေမင်းနဲ့မင်းအစေခံတွေကိုအပြစ်မပေးပါဘူး။မင်းမှန်တယ်။သူတို့ဘာအမှားမှမလုပ်ထားဘူးပြီးတော့သူတို့ကိုဆုပေးသင့်တယ်။တစ်ယောက်ယောက်ကိုငါ့ပိုက်ဆံသွားယူခိုင်းလိုက်..။အစေခံတစ်ယောက်ချင်းဆီကိုငွေ၃၀အောင်စဆီဆုချီးမြှင့်လိုက်ကြ.."
အစောင့်တစ်ယောက်ကဘဏ္ဍာတိုက်ဆီပိုက်ဆံယူဖို့သွားတော့တယ်။
Gu Tianyiလည်းသူမရဲ့ရည်ရွယ်ချက်ကGu Xijiuဒုက္ခရောက်အောင်Gu Xietianကိုဒီနေရာခေါ်လာတာဖြစ်လို့တောင့်သွားတော့သည်။ရလဒ်ကသူမထင်ထားတာနှင့်ပြောင်းပြန်ဖြစ်သည်။
"အဖေ..သူတို့အဖေ့ကိုမလေးစားဘူး..."သူမအဆုံးသတ်ကိုပြောင်းချင်နေတုန်းပဲ...။
Gu Xietianလည်းလက်ဝေ့ယမ်းပြလိုက်ပြီးသူမကိုတားလိုက်သည်။"သူတို့ကသူတို့သခင်ကိုသစ္စာရှိတယ်။သူတို့ကိုဆုချသင့်တယ်။ဒါပဲ..."
Gu Tianyiလည်းသူမပါးစပ်ကိုပိတ်ထားလိုက်တော့သည်။
Gu Xietianက Gu Xijiuကိုကြည့်ပြီးပြောလိုက်သည်။"Xijiu..ဘာလို့ဒီလိုအမိန့်မျိုးပေးရတာလဲ?"
Gu Xijiuလည်းကြမ်းပြင်ကိုကြည့်ပြီးပြောလိုက်သည်။"ကျွန်မတိတ်ဆိတ်တာနဲ့ငြိမ်းချမ်းတာကိုသဘောကျတယ်။နှောက်ယှက်ခံရတမကြိုက်သလိုနမော်နမဲ့နိုင်တဲ့ဧည့်သည်တွေနဲ့လည်းမတွေ့ချင်ဘူး။အထူးသဖြင့်Guမိသားစုဝင်ဆိုပြီးကျွန်မအခန်းထဲချိုးဖျက်ဝင်လာတဲ့သူတွေပေါ့..."
Gu Tianyiလည်းအရမ်းစိတ်ဆိုးသွားပြီးမေးလိုက်သည်။"မင်းဘယ်သူ့ကိုပြောနေတာလဲ?"
ဒါပေမယ့်Gu Xijiuကသူမကိုကြည့်တောင်မကြည့်ဘူး။သူမGu Xietianကိုကြည့်လိုက်ပြီးမေးလိုက်သည်။"စစ်သူကြီးGu ကျွန်မရဲ့အမိန့်ကမိသားစုစည်းမျဉ်းဒါမှမဟုတ်တိုင်းပြည်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့များဆန့်ကျင်နေလို့လား?"
Gu Xietianလည်းခေါင်းခါလိုက်ပြီးပြောလိုက်သည်။"ဟင့်အင်း"မိသားစုစည်းမျဉ်းထဲမှာအဲ့လိုစည်းကမ်းမရှိသလိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရောပဲ....။
Gu Xietianမိသားစုကိစ္စတွေကြားထဲမှာသိပ်ဝင်မပါတတ်ပေမယ့်သူဘာမှမသိဘူးလို့တော့ဆိုလိုတာမဟုတ်ဘူး။သူGu Xijiuဘယ်လိုနေထိုင်နေရသလဲနဲ့သူမကိုအခြားညီအစ်မတွေဘယ်လိုအနိုင်ကျင့်ကြလဲဆိုတာသူကြားတယ်။ဒါပေမယ့်..အဲ့တာကဆိုးဆိုးရွားရွားဆက်ဆံခံရမှုအများကြီးထဲကမှသူအဲ့လောက်ပဲသိတာဖြစ်သည်။
ESTÁS LEYENDO
အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]
RomanceAuthor(s) Mu Danfeng 穆丹枫 I just translate this story and this story isn't belong to me. Full credit to original author(s) and english translation team. I also don't own any of the pics... Synopsis: modernခေတ်မှာကျွမ်းကျင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက...
![အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]](https://img.wattpad.com/cover/158509864-64-k315029.jpg)