Chapter 149 : ထိုလူရှိ​နေ​သေးတယ်

8.9K 840 13
                                        

<ZAWGYI>

ထိုလူသူ့အင်္ကျီစကိုမလိုက်ပြီးမှင်ကတစ်ခုခုကိုဝင်တိုင်လိုက်သလိုအောက်ကိုလောင်းချလိုက်သည်။

သတိထားမိပြီးထို​နေရာကို​ပြေးသွားတဲ့အ​စောင့်​ရဲ့မျက်​နှာဟာမည်း​မှောင်​သွား​တော့သည်​၊

အ​စောင့်​စိတ်​ဆိုးသွားပြီးပစ္စည်း​တွေကို​လျောက်​ပစ်​​နေတဲ့လူကဘယ်​သူလဲဆိုတာသိရဖို့အ​ပေါ်ကို​မော့ကြည့်​လိုက်​သည်​။

သူဘယ်​သူ့ကိုမှမ​တွေ့လိုက်​ရ​ပေ။သစ်​ပင်​​ပေါ်မှာဘယ်​သူမှရှိ​နေ​လေထဲမှာတန်းလန်းကြီးဖြစ်​​နေတဲ့မင်​အိုးကိုသာ​တွေ့လိုက်​ရသည်​။

သူ​ကြောက်​လန့်​မှု​ကြောင့်​တွန့်​ရှုံသွားသည်​။မင်​အိုးကိုဖြတ်​ဖို့သူ့ဓား​မြှောင်​ကိုဆွဲထုတ်​လိုက်​သည်​။ဒါ​ပေမယ့်​မင်​အိုးကသူ့​​​ခေါင်းေ​​ပါ်​​​မြန်​မြန်​ဆန်​ဆန်​ပြုတ်​ကျလာခဲ့သည်​။

အ​စောင့်​ကအရိုက်​ခံလိုက်​ရသလိုဖြစ်​တာ​ကြောင့်​လဲကျလုနီးပါးဖြစ်​သွားသည်​။သူမင်​အိုးကိုဂရုမစိုက်​စွာယူလိုက်​ပြီးအဆိပ်​ခတ်​ထားမှာ​ကြောက်​တာ​ကြောင့်​​မြေ​ပေါ်ပစ်​ချလိုက်​သည်​။မင်​အိုးကအပိုင်း​လေးပိုင်းအဖြစ်ြ​ပန့်​ကျဲသွား​တော့သည်​။

"ဟမ့်​...!"တိုးညှင်းတဲ့အသ့ဟြာ​လေနဲ့အတူသ​ရော်​လိုက်​သည်​။

အ​စောင့်​လည်း​တောင့်​သွားသည်။သူမြန်​မြန်​​မော့ကြည့်​လိုက်​​ပေမယ့်​ဘယ်​သူ့ကိုမှမ​တွေ့ရ​ပေ။

ဘာလား?

အ​စောင့်​လည်း​ကြောက်​လန့်​ပြီး​တောင့်​သွားကာသစ်​ပင်​​ပေါ်တက်​ကြည့်​ချင်​​ပေမယ့်​ခုန်​တောင်​မခုန်​နိုင်​​ပေ..။

"မျက်​နှာသစ်​လိုက်​ပါ..ဒါကမင်​ပဲ။အဆိပ်​မရှိဘူး"Gu Xijiuအိမ်​ထဲကထွက်​လာခဲ့သည်​။

အ​စောင့်​ကသူမ​ဘေးကင်း​ကြောင်း​စေချာစစ်​​ဆေးပြီးတဲ့အခါ​တောင်းပန်​ပြီးမြန်​မြန်​ထွက်​သွား​တော့သည်​။

သူအိမ်​ကိုပြန်​​ပြေးသွားတာ​ကြောင့်​နှလုံးအခုန်​မြန်​​နေသည်​။

အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]Donde viven las historias. Descúbrelo ahora