Chapter 167 : ​ဗိမာန်​ဆရာကျိုး​ရောက်​ရှိခြင်း

9K 840 29
                                        

<ZAWGYI>

Long SiyeကGu Xijiuကိုသယ်​လုနီးပါးတံခါး​ပေါက်​ဆီအမြန်​သွားလိုက်​သည်​။ဒါ​ပေမယ့်​သူအပြင်​​ရောက်​​ရောက်ချ​င်းရုတ်​တရက်​ရပ်​လိုက်​ပြီး​ခေါင်း​မော့ကာ​ကောင်းကင်​​ပေါ်​မော့ကြည့်​လိုက်​သည်​။

Gu Xijiuလည်းစိုးရိမ်​သွားပြီးသူမကာ​ခေါင်း​မော့ကြည့်​လိုက်​ကာ​တွေ​ဝေသွားသည်​။

အပြာ​ရောင်​ကြိုး​တွေရဲ့အ​ပေါ်မှာအပြာ​ရောင်​​လေသ​င်္ဘောကြီးတစ်​စင်းရှိ​နေသည်​။သ​င်္ဘောရဲ့ကိုယ်​ထည်​ကဘာနဲ့လုပ်​ထားလဲဆိုတာမသိရ​ပေမယ့်​အဲ့တာက​ကောင်းကင်​ရဲ့အ​ရောင်​အတိုင်​ပြာလွင်​​နေသည်​။ကိုယ်​ထည်​​ပေါ်မှာလည်းပန်းချီ​ရေးဆွဲထား​သေးသည်​။ပန်းချီကအပြာ​ရောင်​​အောက်​​ခြေရှိပြီးအဖြူ​ရောင်​တိမ်​တိုက်​​တွေကြားမှာလွင့်​​မြော​နေတဲ့လမင်းကြီးပုံဖြစ်​သည်​။လက​ရွှေ​ရောင်​ဖြစ်​ပြီးတကယ့်​အစစ်​အတိုင်းဖြစ်​ကာအလင်း​ရောင်​​တွေပင်​ဖြာ​ထွက်​​နေသကဲ့သို့ခံစားရ​စေသည်​။လ​အောက်​မှာ​တော့ဘီလုံးငှက်​တစ်​​ကောင်းကရစ်​ဝဲ​နေပုံဖြစ်​သည်​။

ဘ​င်္ဘောကြီးကသိမ်​​မွေ့စွာနိမ့်​ဆင်းလာတဲ့အခါ​လေ​အေး​လေး​တွေဖြတ်​တိုက်​လာခဲ့သည်​။လ၊တိမ်​​တွေနဲ့ငှက်​ကိုကြည့်​ရတာပိုပြီးပင်​အသက်​ဝင်​လာပုံ​ပေါ်သည်​။သဘ​င်္ာက​ကောင်းကင်း​ပေါ်မှာ​ရွေ့လျား​နေ​ပေမယ့်​ပင်​လယ်​ပြင်​​ပေါ်မှာရွက်​လွင့်​သွားလာ​နေသ​ယောင်​ပင်​ထင်​ရ​စေသည်​။ဒါက​ကောင်းကင်​​ပေါ်ကထာဝရရှင်​သန်​သူ​တွေခရီးသွားတဲ့ပုံစံဖြစ်​သည်​။

လူရှစ်​​ယောက်​ကသ​င်္ဘောကြီးကိုဝန်းရံထားခဲ့သည်​။အသက်​ဆယ့်​ခုနှစ်​ဝန်းကျင်​အမျိုးသား​လေး​ယောက်​နဲ့အမျိုးသမီး​လေး​ယောက်​ဖြစ်​သည်​။အမျိုးသမီး​တွေက​အ​ရောင်​တူညီတဲ့ဝတ်​စုံ​တွေကိုဝတ်​ဆင်​ထားကြပြီးအရမ်းကို​ချော​မောလွန်းသည်​။အမျိုးသား​တွေ​​လှော်​ခတ်​​နေပြီးအမျိုးသမီး​တွေကအစွန်းတစ်​​နေရာစီမှာရပ်​​နေကာအပြာ​ရောင်​ကြိုး​တွေကိုချ​နေကြသည်​။

အဆိပ်ပြင်းသောကြင်ယာတော်(Ch.1-174)[Mm Tran:]Where stories live. Discover now