Untitled Part 94

1.7K 191 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 20 ( လူတိုင်းရဲ့ အစွမ်းကို မြင်ရခြင်း)

"ခေါင်းဆောင်ကြီး ဘယ်တုန်းကတည်းက ၀င်္ဂဘာကို ချထားခဲ့တာလည်း။"

ဂျိအမှန်တရား စောင့်ထိန်းသူက မေးလိုက်ပါတယ်။

ဒါက ဂျိကလန်လူတွေ တွေးနေမိတဲ့ ကိစ္စပါ။ ဘယ်သူမှ ခေါင်းဆောင်ကြီး ၀င်္ဂဘာ စီစဉ်ထားတာ မတွေ့လိုက်ပါဘူး။ ပြီးတော့ နှင်းနဂါးတောင်က လူတွေ ရောက်တာတော့ ၀င်္ဂဘာ ချထားဖို့လည်း အချိန်က မရတော့ဘူးလေ။

မီးတောက်ကိုးခုက သူ့လူတွေကို ကြည့်လိုက်ပါတယ်။
"လူတွေဟာ မျက်တောင်မွှေး တဆုံးမကြည့်ပဲ မျက်စိတစ်ဆုံးကြည့်ပြီး စဉ်းစားထားကြရမှာ။ ငါ ဒီ ဓာတ်သတ္ထုတွင်းကြီး ဒီလောက်ကြီးမားမှန်းတွေ့လိုက်ကတည်းက နှင်းနဂါးတောင်ရဲ့ လောဘကို ခန့်မှန်းမိလိုက်တယ်။ ဒါကြောင့် ငါ ကြိုပြီးတော့ အကာအကွယ် လုပ်ထားတာ။ တစ်ကယ်လို့ နှင်းနဂါးတောင်က လာပြီးတော့ ငါတို့ကို ဖိအားလာပေးရင်ဘယလိုလုပ်မလည်း။ ဒါကြောင့် ငါ အစောကြီးကတည်းက ၀င်္ဂဘာကို နေရာချထားခဲ့တာ။ ငါတို့တွေ သူတို့နဲ့ မတိုက်ခိုက်ဖြစ်ရင်လည်း ကိစ္စမရှိဘူး။ တစ်ကယ်လို့ တိုက်ခိုက်ရရင်တော့ ငါတို့တွေ အသာစီးရမှ ဖြစ်မယ်။ မင်းတို့ကို ကြိုပြီးတော့ မပြောထားတာကတော့.... ငါက မင်းတို့ကို ပြောထားလိုက်ရင် ငါတို့ ၀န်းကျင်မှာ ၀င်္ဂဘာကြီး ရှိနေတာကို မင်းတို့ သတိထားမိနေမှာပေါ့။ ဒါဆို မင်းတို့တွေ ဘယ်လိုလုပ် ဒီလောက်ကြေကွဲဝမ်းနည်နေကြတော့မှာလည်း။ ဒါဆို နှင်းနဂါးတောင်က လူတွေကလည်း သတိထားမိသွားကြပြီးတော့ ၀င်္ဂဘာကိုဖျက်ပြီး အစောကြီးကတည်းက ထွက်ပြေးသွားကြမှာပေါ့။"


"အမ်.."

နင်နဲ့ ကျန်တဲ့လူတွေ အကုန်လုံးခေါင်းညိတ်လိုက်ကြပါတယ်။

အစောပိုင်းထဲက ရှင်းပြလိုက်ရင် လူတိုင်းက ဒီလို ဖြစ်ကုန်ကြမှာ မဟုတ်တာတော့ သေချာပါတယ်။ ဒီကိစ္စကို စီစဉ်ထားဖို့အတွက် အတွေ့အကြုံတွေ နဲ့ ကြိုပြီးတော့ မြင်တတ်နိုင်စွမ်း အများကြီး ရှိဖို့လိုအပ်ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now