Untitled Part 88

1.7K 190 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 14 ( အလွန်ကြီးမားသော မိုင်းတွင်းကြီး )

ကောင်းကင်က တဖြည်းဖြည်းတောက်ပလာနေပါတယ်။ နင်နဲ့ သူ့အဖေတို့ စွမ်းအင်လှိုင်း စတင်ဖြာထွက်ရာ အရင်းအမြစ်နေရာကို အမြန်ဆုံး ခရီးနှင်နေကြပါတယ်။

"အဲ... ငါ အဖေနဲ့ အမြန်နှုန်းမှာ တခါမှ မပြိုင်ဖူးဘူး။ အဖေက ဒီလောက်တောင်မြန်တယ်လား။"

နင် အရမ်း အံ့သြနေပါတယ်။ သူ့ရဲ့ နတ်ဘုရား ကိုယ်ခန္ဓာဟာ သာမန် ဇီဖူ ဖင်းဂေါ့ အစောပိုင်းအဆင်နဲ့ ညီတယ်ပြောလို့ရနေပါပြီ။ သူ့မှာ လေတောင်ပံ ကိုယ်ဖော့ သိုင်းပညာပါ ရှိနေတော့ ဘယ်လောက်တောင်မြန်မလည်း ဆိုတာ သိနိုင်ပါတယ်။ သူ့ရဲ့ မှော်တောင်ပံကို မသုံးရင်တောင်မှ အရမ်းကို မြန်ပါသေးတယ်။ အခု သူ့အဖေက သူနဲ့ အတူတူလောက် ပြေးနေနိုင်ပါတယ်။

"အဖေရဲ့ ကိုယ်ဖော့သိုင်း? အဖေက ခရမ်းရောင် နန်းတော်ကို တည်ဆောက်ပြီးပြီလား။"

နင် သူ့ရဲ့ ကီစွမ်းအင်ကို သုံးပြီးတော့ သူ့အဖေကို စိတ်နဲ့ မေးလိုက်ပါတယ်။ သူ့အဖေက သူ့အမေရဲ့ အကိုကြီးလိုပဲ ဒဏ်ရာ အကြီးအကျယ် ရခဲ့တာကို သူမထင်ထားမိပါဘူး။


"မမေးပါနဲ့။ ဒါက ငါ့ရဲ့ အမြန်ဆုံး နှုန်းပဲ။"

နင်ခေါင်းညိတ်လိုက်ပါတယ်။
"နားလည်ပါပြီ။"

နင်မှော်ရတနာကို သုံးလိုက်ရင် ပိုမြန်သွားပါလိမ့်မယ်။ ဒါပေမဲ့ အခုသွားတဲ့ ခရီးမှာ သုံးဖို့မ လိုအပ်ဘူးလေ။

ရွှစ်..ရွှစ်...

ကီလိုမီတာ တစ်ထောင်ကျော်ကို တစ်နာရီလောက်နဲ့ ဖြတ်သန်းပြီးသွားခဲ့ပါပြီ။ သူတို့တွေရဲ့ အမြန်နှုန်းက ဇီဖူ တန်ခိုးရှင် အမြန်နှုန်းလောက်ကို ရှိနေပါတယ်။

"ဒါက ဒီနေရာမှာပဲ ဖြစ်ရမယ်။"

နင် သစ်ပင်ကြီး တစ်ပင်ထိပ်မှာ ရပ်တန့်လိုက်ပါတယ်။ သူ အဝေးက တော်အုပ်ကို ကြည့်နေမိပါတယ်။
"အင်း.. စွမ်းအင်လှိုင်းက ကီလိုမီတာ ၃ထောင်ကျော်လောက်က အစပြုခဲ့တာပဲ။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now