Untitled Part 72

1.8K 213 2
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 4

Chapter 18 ( သူရဲကောင်းကြွေးကြော်သံ )

ပုလင်းထဲက အဖြူရောင် မီးခိုးတွေက အလောင်းတွေကနေ ထုတ်ယူခဲ့တဲ့ သေခြင်း အနှစ်သာရ တစ်မျိုး ပါ။ သူ ခန္ဓာကိုယ်ကို ထိမိတာနဲ့ ခန္ဓာကိုယ်က ချက်ခြင်းကို ဆွေးမြေ့အရေပျော်သွားပါတယ်။ ၀တ်စုံနက်တောင် ဖြေဆေးကို ကြိုပြီးသောက်ထားရတာပါ။ သူ့ရှေ့က လူငယ်လေးက သူ့ထက် အားနည်းပါတယ်။ သူ သိခဲ့သလောက်ဆို ဂျိနင်က ဇင်တျန် တန်ခိုးရှင် ဖြစ်ခဲ့တာ မကြာသေးပါဘူး။

"မင်းဘယ်လောက်ပဲ ကြောက်စရာကောင်းအောင် ပါရမီ ရှိနေပါစေ ဖင်းဂေါ့ ကျင့်စဉ်ကျင့်သူတစ်ယောက်အနေနဲ့ မင်းက ငါ့လောက် မစွမ်းသေးပါဘူး။ ငါတောင် ဒီ အဆိပ်ကို မခံနိုင်တာ။ မင်းသေကို သေမှာပဲ။"

ဆရာနဲ့ တပည့်တွေဟာ စိတ်ထားခြင်းတူကြတာများပါတယ်။ ဂျိနင် အရင်က ဇီဖူတန်ခိုးရှင်ဟာ အဆိပ်သုံးသူ ဖြစ်မယ်ခန့်မှန်းခဲ့သလို သူ့တပည့်ကလည်း အဆိပ်ကို သုံနိုင်နေပါတယ်။

သူ့တစ်ကိုယ်လုံးကို အဖြူရောင် အငွေ့တွေက ပျံ့နှံ့လာပြီးတော့ ထုံကျဉ်စ ပြုလာပါပြီ။ သူ့ခန္ဓာကိုယ် စတင်ဆွေးမြေ့တော့မှာပါ။


"ငါတောင့်ခံထားမှရမယ်။"

နင်သူ့ရဲ့ အနီရောင် ကောင်းကင်ကိုးဆင့်နတ်ဘုရား အတွင်းအားတွေကို လှည့်ပတ်လိုက်ပြီးတော့ ဖင်းဂေါ့ နတ်ဘုရားအစွမ်းနဲ့ ခန္ဓာကိုယ်က အဆိပ်တွေကို ခြေဖျက်ကြည့်လိုက်ပါတယ်။


"သေလိုက်တော့"

သူ့ကိုယ်ထဲက အဆိပ်တွေကို ထိန်းချုပ်လိုက်ပြီး သူ ၀တ်စုံနက် လူဆီကို ခုန်အုပ်လိုက်ပါတော့တယ်။ သူ အဆိပ်ကို ဖြေလို့ ရရ မရရ ဒီ လူကို အရင်သတ်မှ ဖြစ်မှာပါ။ သူ က အဆိပ်မိသေသွားပြီးတော့ ရန်သူက အသက်ရှင်ကျန်နေခဲ့ရင် ဘယ်လောက်တောင် ခံပြင်းဖို့ ကောင်းမလဲ။


"ဟားဟားဟား... မင်းလှုပ်ရှားလေလေ မြန်မြန်သေလေပဲ။"

ဝတ်စုံနက် လူက တုတ်ကြီးကို ကိုင်ပြီတော့ ခြေထောက်ကို ရွေ့လျားလိုက်တဲ့အခါမှာ မြေပြင်ဟာ တုန်ခါသွားပါတော့တယ်။ သူ့ရဲ့ အားအကုန်ကို သုံးလိုက်တာပါ။
"သေစမ်း"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now