Untitled Part 82

1.8K 213 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 8 ( သင်ကြားတာ လက်ခံပေးခြင်း )

သူတော်စင်မူက အဲ့ဒီနေ့မှာပဲ စတေးဝါးတား မြို့တော်ကို ထွက်ခွာသွားခဲ့ပါတယ်။ သူ မပြန်ခင်မှာ ဂျိနင်ကို အကြံတစ်ခုပေးခဲ့ပါတယ်။

"ဂျိနင် .. မင်းက အရမ်းကို ထက်မြက်လွန်းတယ်။ မင်းအင်မော်တယ်လမ်းစဉ်မှာ အဝေးကြီးကို လျှောက်လှမ်းနိုင်မှာ သေချာတယ်။ အင်မော်တယ် တွေရဲ့ အသက်က အရမ်းကို ရှည်ကြတယ်။ သူ့ရဲ့ဆွေမျိုသားချင်း သူငယ်ချင်းမိတ်ဆွေတွေက အင်မော်တယ်တွေ မဟုတ်ခဲ့ဘူးဆိုရင် သူတို့တွေ အသက်ကြီးပြီး သေဆုံးသွားတာကို ကြည့်နေကြရမှာ။ ဒါပေမဲ့ ဒါက တာအို နဲ့ ပတ်သက်ပြီး မင်းရဲ့ စိတ်ကို သန်မာစေတဲ့ သင်ခန်းစာတွေပဲ။ ဒါကြောင့် မင်းအင်မော်တယ် လမ်းစဉ်ကို လျှောက်တော့မယ်ဆိုရင် အရာရာ ပြင်ဆင်ထားဖို့လိုတယ်။ မင်းဘယ်လောက်ပဲ နာကျင်နာကျင် ၀မ်းနည်းဝမ်းနည်း မင်းရုန်းထွက်နိုင်ရမယ်။ မဟုတ်ရင် ကပ်ဘေး ၃ပါးနဲ့ ပေးဆပ်ခြင်း ကိုးပါးကို ဖြတ်ကျော်ဖို့က အင်မတန်မှကို ခက်ခဲလိမ့်မယ်။"

....

သူတော်စင်မူထွက်ခွာသွားတော့ မီးတောက်ကိုးခု ဂျိသခင်ကြီးလည်း ပိုင်ဇီရှန် ပုန်းအောင်နေခဲ့တဲ့ တောင်ကို ထွက်ခွာသွားခဲ့ပါတော့တယ်။ အဲ့ဒီနေရာမှာ ရေနဂါး တာအို တိုက်ပွဲဝင် ၀တ်စုံတွေ ရှိနေတယ်လေ။

နင်လည်း SErpentwing ရေကန်ကို ထွက်ခွာသွားပါတော့တယ်။

"မျှော်လင့်ချက် ရှိမှာပါ။ ငါ့အမေ အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိမှာပါ။"

နင် လေတောင်ပံ ကိုယ်ဖော့ပညာနဲ့ တောတွေ တောင်တွေ ဖြတ်သန်းပြီး ခရီးဆက်နေပါတယ်။ သူပြေးလွှားသွားတဲ့ အမြန်နှုန်းက သတ္တ၀ါနက်ကြီးကို စီးပြီးသွားတာထက် အဆများစွာ ပိုမြန်ပါတယ်။ သူ့ရဲ့ နတ်ဘုရားစွမ်းအင်တွေ တော်တော်လျော့လာတဲ့ ၂နာရီလောက်ကြာတဲ့ အချိန်မှာပဲ သူ Serpentwing ရေကန်ကို ရောက်လာခဲ့ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now