Untitled Part 77

1.9K 243 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 3 ( အသေအကြေတိုက်ပွဲ )

ပိုင်ဇီရှန်က သူ့ဝန်းကျင်ကို ကြည့်လိုက်ပါတယ်။ သူ ရေခဲနဲ့ မီးတောက်တွေ ဖုံးအုပ် လောင်ကျွမ်းသေဆုံးနေတဲ့ အလောင်းတွေ အများကြီးကို တွေ့လိုက်ရပါတယ်။ ဒီထဲမှာမှ ဇင်တျန် တန်ခိုးရှင်တွေရဲ့ အလောင်းတွေကိုပါ တွေ့လိုက်ရတော့ ဇီရှန် ရင်ထဲနာကျင် သွားပါတယ်။ ဒါ သူ့ရဲ့ လူတွေ.. သူ ဒီရတနာကို လုပ်ဖို့အတွက် လူတွေကို ဖမ်းဆီး ညင်းပန်းနှိပ်စက်ဖို့ လူတွေ အများကြီးလိုတယ်လေ။

"အကုန် သွားပြီ..."

သူ့ သွေးဆာတဲ့ အကြည့်နဲ့ နင်ကို စားတော့ဝါးတော့ မတတ်ကြည့်လိုက်ပါတယ်။
"ငါ့ရဲ့ တပည့်တွေကော အခိုင်းအစေတွေပါ အကုန်မင်းကြောင့် သေသွားရပြီ။ ငါ ၀ိဥာဉ်မိစ္ဆာတွေနဲ့ မှော်ရတနာကို လုပ်နေတာ ပြီးခါနီးမှာ မင်းကြောင့် ရပ်လိုက်ရတယ်။ ငါ.. ပိုင်ဇီရှန်.. မင်းလို ကလေးကြောင့် ဒီလောက် ဆုံးရှုံးခဲ့ရမယ်လို့ မထင်ခဲ့မိတာ အမှန်ပဲ။ ငါ မင်းကိုကောင်းကောင်းဆက်ဆံမှာပါ။ မင်းက စိတ်ဝိဥာဉ်ကို နှိပ်စက်ခံရရင် ဘယ်လို ခံစားရလည်းဆိုတာ ငါ့ကိုနားလည်အောင် လုပ်ခဲ့ပေးလို့ ကျေးဇူးပါပဲ။"


"ဇီဖူ တန်ခိုးရှင်"


"သူက ဇီဖူတန်ခိုးရှင်"

ထောင်ပေါင်းများစွာသော စစ်သားတွေက တချို့အသက်ရှင်ကျန်သူတွေ အော်ဟစ် ပြေးလွှားနေဆဲပါ။

"မင်းက ဇီဖူတန်ခိုးရှင်?"

ပိုင်ဇီရှန် နင်ကို ကြည့်နေမိပါတယ်။ သူ့ရဲ့ မှော်ရတနာက တစ်ဝက်လောက်ပဲ လက်စသတ်လို့ ရပါသေးတယ်။ ဒါပေမဲ့ ဒီတစ်ဝက်လောက်ပဲပြီးသေးတဲ့မှော်ရတနာရှိနေတာတောင်မှ ဇီရှန်က ဇင်တျန် အထွဋ်အထိပ် တန်ခိုးရှင် အစွမ်းပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ နင်က အသက် ၁၂နှစ်ပဲ ရှိသေးတဲ့ ဂျိကလန်က လူငယ်လေးတစ်ယောက်ဆိုတာ သူ့တပည့်တွေ ပြောလို့ သူသိထားပါတယ်။

အခု အဲ့ဒီ ၁၂နှစ်က ဇီဖူအဆင့်ကိုရောက်နေပြီ?

ဒါသာ တစ်ကယ်ဆိုရင်တော့ ဇီရှန် စိုးရိမ်သွားမိပါတယ်။ လူတစ်ယောက်က ၁၂နှစ်ထဲနဲ့ ဇီဖူတန်ခိုးရှင်ဖြစ်ခဲ့တယ်ဆိုတာ အံ့ဖွယ်ကိစ္စ တစ်ခုခုကို ကြုံတွေ့ခဲ့ရလို့ပါ။ ဖြစ်နိုင်တာက လျှို့ဝှက်ကျမ်းတွေဘာတွေ ရထားတာ ဖြစ်နိုင်ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now