Untitled Part 92

1.6K 193 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 18 ( ဂျိကလန်ရဲ့ ခွင့်ပြုချက် )

"မိုးရေမျဉ်းတန်း?"

တုံဇီကွီ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ ကျန်တဲ့ ဇီဖူတန်ခိုးရှင် လေးယောက်လည်း အံ့သြမင်သက် နေကြတုန်းပါပဲ။


"ဒီ ဂျိနင်က ထင်ထားတာထက် ပိုကြောက်ဖို့ ကောင်းနေတယ်ဟ။ သူက အသက် ၁၆နှစ်ပဲ ရှိသေးပေမဲ့ ဂိုဏ်းတူညီလေး မြူစ့်က သူ့ကို မထိန်းထားနိုင်ဘူး။ အခု သူ့ကို သတ်နိုင်တာ ငါတစ်ယောက်ပဲ ရှိမယ်။"

သူက ၀င်တိုက်ခိုက်မယ်ဆိုရင် ရှစ်မြောင့် သွေးနဂါး ၀င်္ဂဘာသိုင်းကို သုံးရမှာပါ။ ဒီ ၀င်္ဂဘာ သိုင်းကွက်သာ သုံးလိုက်ရင် နှစ်ဖက်လုံးက အသေအကြေတိုက်ခိုက်ကြရတော့မှာပါ။ အဲ့ဒါဆို ဘယ်လိုမှ တိုက်ပွဲကို ရပ်တန့်လို့ ရတော့မှာ မဟုတ်ပါဘူး။

တုံဇီကွီက ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပေမဲ့လည်း ဂျိကလန်က ထင်သလောက် အစွမ်း မနည်းဘူးဆိုတာကို သူနားလည်ပါတယ်။ သူတို့သာ တစ်ကယ်တိုက်ပွဲဖြစ်ရင် သူ့ဘက်ကဇီဖူတန်ခိုးရှင် တစ်ယောက် နှစ်ယောက်တော့ ကျဆုံးနိုင်ပါတယ်။

တခြားတစ်ဖက်ကို အထက်စီးကနေ နောက်ဆုတ်ခိုင်းစေလိုက်တာက အကောင်းဆုံး ဖြစ်မှာပါ။


"ဂျိနင်က တော်တယ်"


"ကောင်းတယ်"

ဂျိကလန်က လူတွေက ဂျိနင်ကို ၀ိုင်းကြည့်နေကြပါတယ်။

"မင်း အဆင်ပြေရဲ့ လား။"

ရီချွမ်က သူ့သားကို မေးလိုက်ပါတယ်။ သူ့သားလည်း ထိခိုက်ဒဏ်ရာ မရခဲ့လို့ သူ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။


"တုံဇီကွီ... မင်းက ဘာသဘောလဲ။ ငါတို့ ဂျိကလန်ကို အလစ်ဝင်တိုက်ရဲတယ်။ ငါတို့အားလုံး ရှိနေလျက်နဲ့ကို မင်းက ဒီလိုလုပ်ရဲတယ်လား။"

အရိပ် ဖွားဖွားက ကြောက်မက်ဖွယ် အသံနဲ့ အော်ဟစ်လိုက်ပါတယ်။
"မင်းတို့ နှင်းနဂါးတောင်က လူတွေက တစ်ကယ့်ကို အထန်းအကွပ် မရှိ ရိုင်းစိုင်းကြတာပဲ။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now