အခန်း ၁၂ (၆ နှစ်ကြာပြီးနောက်)

2.6K 313 1
                                    


လေ့ကျင့်ရေးကွင်းထဲမှာ သားမွေးဝတ်စုံဝတ်ထားတဲ့ လူငယ်လေးတစ်ဦးဟာ တုံးနေတဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားတယ်။ သူ့ကို အရပ်မြင့်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်တဲ့ စစ်သူရဲ ၉ ဦးက ၀ိုင်းရံထားတယ်။ ဒီစစ်သူရဲတွေ အကုန်လုံးဟာ ချပ်ဝတ်တန်ဆာ အပြည့်အစုံ ၀တ်ထားပြီးတော့ ဓား၊ လှံ စတဲ့ လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြတယ်။ သူတို့ကိုယ်ကနေ ပတ်ဝန်းကျင်ကို ကြောက်ရွံ့စေတဲ့ အငွေ့အသက်တွေ ထွက်နေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ လက်နက်တွေအကုန်လုံးမှာ ထက်မြက်တဲ့ အသွားတွေ မပါကြဘူး။

၆နှစ်ကြာ လေ့ကျင့်ပြီးတဲ့ အချိန်မှာ နင်ဟာ အသက်၁၀နှစ် ပြည့်သွားပြီ။ ဒါပေမဲ့ ဒီဘ၀မှာ သူဟာ အနီရောင် ကောင်းကင် ကိုးဆင့် ကျင့်စဉ်ကို ကျင့်ထားလို့ သူ့အရပ်ဟာ ၁.၆ မီတာ အမြင့်ရှိနေပါပြီ။ သူ့အရင်ဘ၀က အရပ်အမြင့်ရောက်အောင် ၁၀စင်တီမီတာလောက်ပဲလိုတော့တယ်။ သူ့ ပုံသဏ္ဍာန်ကတော့ အရင်ဘ၀ပုံအတိုင်းချွတ်စွတ်ပါပဲ။ ဆိုရိုး စကားတွေအရဆိုရင် လူတစ်ယောက်ရဲ့ ပုံသဏ္ဍာန်ဟာ သူ့ရဲ့ စိတ်ကနေ မွေးဖွားလာတယ် ပြောကြတယ်။ အရင်ဘ၀နဲ့ အခုဘ၀ ကွာခြားတာကတော့ အခုဘ၀မှာ သူရဲ့ အသက်ခွန်အားတွေဟာ အလွန်ကို သန်စွမ်းနေတာပဲဖြစ်တယ်။

"အရင်တုန်းက စည်းကမ်းအတိုင်းပဲနော်။ မင်းတို့ထဲက တစ်ယောက်ယောက် က ငါ့ကိုထိအောင် ရိုက်နိုင်ရင် ငါ ဦးခေါင်း အရွယ် ရွှေတုံးတစ်တုံး ဆုချမယ်။ "

သူ့အကြည့်ဟာ သားရဲတွေထက်တောင် စူးရှနေပြီး ပတ်ဝန်းကျင်က စ်သူရဲ ၉ ယောက်ကို ကြည့်ပြောလိုက်တယ်။

မာန်သွင်းသံတွေ ဆူညံသွားတယ်။

"ဂါး.."

"ယား...."

"သခင်လေး ကြည့်ရှောင်တော့နော်..."

"ဟားဟား ၊ ဦဒခေါင်းအရွယ် ရွှေတုံး၊ ညီအကိုတို့ သခင်လေးကို ငါတို့ဘယ်လောက် အစွမ်းထက်တယ်ဆို ပြလိုက်ရအောင်။"

ဒီ လူစွမ်းကောင်း ၉ ယောက်ဟာ အနောက်ပိုင်း ဂျိကလန်က အစွမ်းအထက်ဆုံး သူရဲကောင်း ၉ယောက်ပဲ။ သူတို့ဟာ ninefang သူရဲကောင်းတွေ လို့ နာမည်တွင်တယ်။ ဒီလို နာမည်တွင်ဖို့အတွက် သူတို့ရဲ့ အတွင်းအားတွေဟာ ဟိုတျန်အဆင့်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေကြရပြီးတော့ အတွေ့အကြုံ အရမ်း ရင့်ကျက်ကြတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now