Untitled Part 73

1.8K 210 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 4

Chapter 19 (နှလုံးစား....ဆေးမှုန့်)

ဒီလှိုဏ်ဂူက အရမ်းကို နက်ရှိုင်းပါတယ်။ မီတာ ၃၀၀ လောက်တောင် နက်လိမ့်မယ်ထင်ပါတယ်။ ခန့်ညားတဲ့ လူငယ်လေးက ဇင်တျန်ကီကို အသုံးပြုပြီးတော့ ခန္ဓာကိုယ်ကို ငှက်မွှေးလေးတစ်ချောင်းလို ပေါ့ပါးအောင် ပြုလုပ်ထားပါတယ်။ သူ ဂူနံရံတွေကို လက် နှစ်ဖက်နဲ့ ထိန်းပြီးတော့ တဖြည်းဖြည်းဆင်းလာခဲ့ပါတယ်။ သူနောက်ဆုံးတော့ မြေပြင်ကို ခြေချလိုက်နိုင်ပါတယ်။

"အရမ်းနက်တာပဲ... ဟမ်... ဆရာ့ရဲ့လျှို့ဝှက်ခန်းက ဘယ်နားမှာပါလိမ့်။" သူ တဖြည်းဖြည်း လျှောက်ရှာကြည့်ပါတယ်။ သိပ်မကြာခင်မှာပဲ အစိမ်းရောင်အလင်းတွေ ဖြာထွက်နေတဲ့ ကျောက်တုံးခန်းတစ်ခုကို ရောက်သွားပါတော့တယ်။ ဒီအလင်းရောင်တွေက သူ့စိတ်ကိုခြောက်ခြားစေပါတယ်။


"ဆရာကြီး.."

သူအခန်းပြင်ကနေ အော်ခေါ်လိုက်ပါတယ်။


"၀င်ခဲ့လေ..."

လူငယ်လေး ကြောက်စိတ်ကိုထိန်းပြီးတော့ ဖြည်းဖြည်းချင်းဝင်သွားပါတယ်။ ဒီအခန်းက ၁၀မီတာလောက်ကျယ်တဲ့ အလုံပိတ်ခန်းပါ။ အခန်းအလယ်မှာ ကျောက်တိုင်ကြီးတစ်တိုင်ရှိပြီးတော့ ကျောက်တိုင်ပေါ်မှာ ဖရိုဖရဲ ၀တ်စုံနက် ၀တ်ထားတဲ့ မျက်နှာဖြူဖျော့ဖျော့နဲ့ ပိန်ပိန်ပါးပါး အဖိုးအို တစ်ဦးရှိနေပါတယ်။ အဖိုးအိုရဲ့ ဆံပင် အနက်ရောင် ဆံပင်အရှည်က လေထဲလွင့်နေပါတယ်။ သူ့မျက်လုံးတွေကနေ စကားနဲ့တောင်ပြောပြလို့မရတဲ့ ကြောက်မက်ဖွယ် အစိမ်းရောင် ဖြာထွက်နေပါတယ်။

သူ့ရှေ့မှာတော့ ဆေးပေါင်းအိုးကြီးတစ်လုံးရှိနေပါတယ်။ ဆေးပေါင်းအိုးထဲမှာ မီးတောက်စိမ်းက တောက်လောင်နေပြီးတော့ အေးစက်မှုတွေက ဖြာထွက်နေပါတယ်။ မီးတောက်စိမ်းရဲ့ အောက်မှာတော့ သွေးလို ရဲရဲနီနေတဲ့ မခေါက်ထားတဲ့ အလံတစ်ခု ရှိနေပါတယ်။ ဒီအလံမှာ မြင်ရတဲ့မျက်နှာကော မမြင်ရတဲ့ မျက်နှာတွေပါ ပြည့်နှက်နေပါတယ်။ မျက်နှာတွေဟာ အသံတိတ် အော်ဟစ်နေကြတဲ့ပုံပါ။ သူတို့တွေဟာ တစ်ခုကို တစ်ခု မျိုချဖို့ ကြိုးစားနေကြပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now