Untitled Part 60

1.9K 238 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 4

Chapter 6 (Serpentwing ရေကန်မှ တိုက်ပွဲ )

ဂျိနင် အချိန်စကြာဝဋ္ဌာ ပြောင်းလဲသွားတာခံစားလိုက်ရပြီးနောက်တော့ အရာရာ တည်ငြိမ်သွားပါပြီ။

"ဟင်?"

သူ အရင်က ပို့ဆောင်ခြင်း ခံလိုက်ရတဲ့ မှောင်မဲနေတဲ့ ဂူလေးထဲ ပြန်ရောက်နေတာတွေ့လိုက်ရတော့ သူရယ်မောလိုက်မိပါတယ်။

ဒီ အတွေ့အကြုံမှာ သူ အသက်ဘေးကနေ လက်မတင်လေး လွတ်လာတာပါ။

ဒါပေမဲ့ နောက်ဆုံးတော့ သူ အသက်ရှင်ခဲ့ပြီး အစွမ်းတွေဟာ အရင်ကနဲ့မတူတော့ပဲ မိုးနဲ့မြေလို ကွာသွားခဲ့ပါပြီ။


"နောက်တခါ ငါသွားဖို့ဆိုရင် ဒီ ထိန်းချုပ်လည်ဆွဲကို အရင် ချည်နှောင် ပေါင်းစည်နိုင်မှ ဖြစ်မယ်။"

ဂျိနင် လည်ဆွဲကို ထုတ်ကြည့်လိုက်တော့ Right ဆိုတဲ့ စကားလုံးကို တွေ့လိုက်ရပါတယ်။ သူ့ရဲ့ ဇင်တျန်ကီနဲ့ ချည်နှောင်ပေါင်းစည်းဖို့ ကြိုးစားကြည့်ပေမဲ့ အရာမရောက်ပါဘူး။ သူဇီဖူ ဖြစ်တဲ့အထိစောင့်ဖို့ လိုအပ်ပါတယ်။


"Right?? ဘာလို့ Right ဆိုတဲ့ စကားလုံးက ဒီလည်ဆွဲမှာ ရှိနေတာလည်း။ ဘာရာဇ၀င်များ ဒီလည်ဆွဲမှာ ရှိလည်းမသိဘူး။"

နင်လည်ဆွဲကို စိတ်ထဲပြန်သိမ်းဆည်းလိုက်ပါတယ်။ ပြီးတော့ လေအဟုန်နဲ့ ဂူထဲကနေ ခုန်ပြီး ပြေးထွက်သွားပါတော့တယ်။

....

Serpentwingေ၇ကန်နားက အိမ်ကလေး တစ်လုံးမှာ ရီချွမ်နဲ့ သူ့မိန်းမတို့ နေထိုင်နေကြပါတယ်။ ယူချီစနိုးက ရေကန်ကို ငေးမောကြည့်နေရင်း ရေနွေးကြမ်းကို ဖြည်းဖြည်းချင်း သောက်နေပါတယ်။


"စနိုး ..စနိုး.."

ရုတ်တရက် အော်ခေါ်သံကြောင့် စနိုး လှည့်ကြည့်လိုက်ပါတယ်။ အမြဲတမ်း အေးစက်နေတဲ့ ရီချွမ်မျက်နှာ စိတ်လှုပ်ရှား ပျော်ရွှင်မှုတွေ ပြည့်နေပါတယ်။

ယူချီစနိုး သူ့ယောက်ျား အခြေအနေကို မြင်လိုက်ရတော့ ဘာဖြစ်လည်းဆိုတာ သဘောပေါက်သွားပါတော့တယ်။
"ဘာဖြစ်လို့လဲ?"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now