15. Silent

1.1K 139 13
                                    

(Unicode)



အိမ်သို့ ပြန်ရောက်ပြီးကတည်းက တစ်ညနေလုံး စကားခပ်ဟဟပင်မပြောမိလောက်သည်အထိ အွန်းဘီ ရင်ခုန်နေမိသည်။ သူမ၏အချိန်ဆွဲမှုသည် အဆုံးစွန်ထိတော့ မအောင်မြင်ခဲ့သော်လည်း နာရီပိုင်းလောက်တော့ စဉ်းစားချိန်ရခဲ့သည်လေ။ ရှက်သွေးဖြာနေမှုကြောင့် မျက်နှာသည်လည်း အရောင်ပင်ပြန်မကျလောက်သည်အထိ နီရဲလျက်။

အွန်းဘီ စိတ်အလှုပ်ရှားလွန်ပြီး ထမင်းပင် ဟုတ်တိပက်တိစားမဝင်။ အဖြေမပေးရသေးခင် ပါးကိုအလစ်ဝင်နမ်းခံလိုက်ရသည်ဟူသည့်အတွေးတို့သာ အချိန်ပြည့်စိုးမိုးနေသည်။ နဂိုကတည်းက အတွေ့အကြုံမရှိတဲ့မနူးမနပ်လေးဖြစ်နေတော့လည်း စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်ဖြင့် အခြေအနေက သိပ်တော့မကောင်း။ ယခုလည်း သူဆက်လာမည့်ဖုန်းကို ရင်တထိတ်ထိတ်နဲ့ အွန်းဘီ မျှော်နေမိသည်။


"ဖုန်းဆက်လို့ တန်းကိုင်လိုက်ရင် မျှော်နေသလိုများ ဖြစ်သွားမလားမသိဘူး"

"Vibrateလုပ်ထားရင် ကောင်းမယ်ထင်တယ်"

"ငါကသာ ဗျာများနေတာ တော်ကြာသူက ဖုန်းဆက်မယ်ပြောထားတာကို မေ့ပြီး မဆက်ရင် ဘယ်လိုလုပ်မလဲ"


အွန်းဘီ အခန်းထဲတွင် ဖုန်းကို လက်ဖြင့်ကိုင်လိုက်၊ စားပွဲပေါ်ချလိုက်ဖြင့် တစ်ယောက်တည်းစကားတွေပြောနေမိသည်။ တစ်ဖက်တွင်လည်း မိမိဘက်ကရင်ခုန်နေသလောက် ဂျုံးဂုရော ရင်ခုန်ပါ့မလားဟူသည့်အတွေးများကလည်း ခြောက်လှန့်လျက်ရှိသည်။ အနည်းဆုံးတော့ မိမိမျှော်လင့်နေသူက အခွင့်အရေးပေးလာသည့်အတွက် သူမအရမ်းဝမ်းသာနေမိသည်မှာ အသေအချာပင်။


"Omma! ဖုန်းခေါ်နေပြီ... ဘယ်လိုလုပ်ရမလဲ"


မိမိအတွေးလွန်နေစဉ်မှာပင် လက်ထဲရှိvibrateလုပ်ထားသော ဖုန်းလေး၏တုန်ခါမှုကြောင့် အွန်းဘီ လန့်သွားပြန်သည်။ ခုနက စိတ်စောနေမိသလောက် တကယ်တမ်း ဖုန်းလာသည့်အချိန်ကျတော့လည်း ဖုန်းကိုင်ဖို့ကိုပင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေသည်။ စိတ်ငြိမ်အောင် ကြိုးစားသည့်အနေဖြင့် ရင်ဘက်ကိုအသာဖိကာ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ဖုန်းလေးအား နားနား မရဲတရဲအသာကပ်လိုက်မိသည်။


"ဟယ်လို..."

When Rain Falls Down (Book 2) ✔ Tahanan ng mga kuwento. Tumuklas ngayon