12. Doubt

1.1K 145 22
                                    

(Unicode)



ဂျုံးဂုအိမ်ကို ပြန်ရောက်သည်အထိ စိတ်ထဲတွင်လေးလံနေမိသည်။ တခြားတော့မဟုတ်... မိမိဖြတ်ခဲ့သောရည်းစားဟောင်းနာမည်ကို လက်ရှိချိန်ထားသူထံမှကြားလိုက်ရခြင်းကြောင့်ပင်။ ဂင်အွန်းယန်းအကြောင်းကို သူသိသလောက်ဆို အဲ့လိုလူတကာနဲ့ SNSတွင် friendလိုက်လုပ်တတ်ခြင်းသည် မထူးဆန်း။

ယခုတော့ ဂျုံးဂုလန့်နေတာ အွန်းဘီကိုဖြစ်သည်။ သူမက စိတ်မထင်လို့ သွားchatတာတွေ၊ ဘာတွေလုပ်လို့ ဟိုကပြောပြလိုက်ရင်ဘယ်လိုလုပ်မလဲ...။ သူ့အကြောင်းတွေပေါ်ခြင်းထက် သူသည်ရည်းစားကောင်းတစ်ယောက်မဟုတ်ခဲ့ကြောင်း အွန်းဘီသိသွားမည်ကို အကြီးအကျယ်စိုးရိမ်နေမိသည်။


"သိလည်း ဘာဂရုစိုက်စရာရှိလဲ... အခုက သူငယ်ချင်းပဲကို"


ဂျုံးဂု သူသာတကယ်ဂရုမစိုက်ရင် အိပ်ခန်းထဲမှာ ဒီလောက်ထိခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပြီး ဒီအကြောင်းကိုပဲ ခေါင်းပူအောင်စဉ်းစားနေဖို့မှမလိုတာ...။ သူစာကြည့်စားပွဲနားရှိထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချမိလိုက်သည်။ ဒီမိန်းကလေးသည် သူ့စိတ်ကို စိုးမိုးနိုင်လွန်းသည်ပဲ။ ဂျုံးဂု စားပွဲပေါ်လက်ထောက်ကာ ဖုန်းကိုသုံးရန်ကြံလိုက်သည်။


"အာ... ဟုတ်သားပဲ။ ငါသူ့ကို ဓာတ်ပုံတွေတောင်မပို့ပေးရသေးဘူး"


ဂျုံးဂု သူ့galleryထဲတွင် နေရာယူထားသည့် အွန်းဘီ၏ပုံလေးများကို ကြည့်ရင်းပြောလိုက်မိသည်။ ထို့နောက် သူLineမှတဆင့် သူမထံတစ်ပုံချင်းစီပို့ပေးလိုက်သည်။ ပို့ပြီးသည်နှင့် သူမပုံများအားလုံးကို selectလုပ်ကာ သူလုပ်ထားသည့် သူမအတွက်သီးသန့်secret folderလေးထဲတွင် ပြောင်းသိမ်းထားလိုက်မိသည်။


"ဘယ်ကကောင်မပုံကို အဲ့လောက်ထိအများကြီးဖုန်းထဲမှာ ထည့်သိမ်းထားရတာလဲ"

"အယ်ရာ...?"


အနောက်မှ ဖုန်းကိုဇက်ခနဲလုသွားသည့်အပြင် ခပ်ရွဲ့ရွဲ့စကားပြောသည့်ဟန်ကြောင့် ဂျုံးဂုလှည့်မကြည့်ဘဲပင် ဘယ်သူဘယ်ဝါမှန်း အတတ်သိလိုက်သည်။ သူ၏ညီမဝမ်းကွဲဖြစ်သူ Jeon Aera...။


"Woww...နောက်ဆုံးတော့လည်း အသည်းမာလှပြီဆိုတဲ့ ငါတို့Jungkook oppaကြီးလည်း အချစ်မှာကျရှုံးသွားပြီပဲ... မဆိုးပါဘူး ချစ်စရာလေး"

When Rain Falls Down (Book 2) ✔ Tempat cerita menjadi hidup. Temukan sekarang