7. Skinship

1.4K 159 17
                                    

(Unicode)



"ငါ အရမ်းလန့်နေပြီ"


လက်ထဲရှိ စာရွက်အပိုင်းလေးနဲ့ ယပ်ခက်ရင်း ရင်ဘက်လေးကိုဖိကာ ပြောလာသည့် အွန်းဘီကြောင့် ဂျုံးဂု မိမိပြောရမည့်အပိုင်းကို ဖတ်နေရာကနေ ခေါင်းထောင်လာမိသည်။ အွန်းဘီပြောလည်း ပြောချင်စရာ ဒီနေ့က သူတို့ presentationလုပ်ရမည့်နေ့။ ဒါပေမယ့် သူမပုံစံကြည့်တော့ဖြင့် ကြောက်နေသည့်ပုံတောင်မပေါက်။


"နင့်ကြည့်တော့ ဘာမှမဖြစ်သလိုနဲ့"


ဂျုံးဂု ပြန်ပြောလိုက်တော့ သူမကအနားကိုလျှောက်လာကာ သူ့လက်ကို လက်ဖျားလေးနဲ့ လာထိသည်။ အွန်းဘီကတော့ လက်ဖျားလေးနဲ့သာ ထိလိုက်ခြင်းဖြစ်သော်လည်း ဂျုံးဂုမှာတော့ ကျင်စက်နဲ့တို့လိုက်သလိုပင် ကျင်ခနဲဖြစ်သွားသည့်အပြင် ကြက်သီးမွေးညင်းများတွေပင် ထသွားသည်။ သို့ရာတွင် ထူးခြားစွာ သူမလက်ဖျားလေးတွေဟာ အေးစက်နေပါလား...။


"ရေခဲတုံးကျနေရောပဲမလား"

"အေး... ဘယ်လိုဖြစ်တာလဲ"

"ငါက စိတ်လှုပ်ရှားရင်အဲ့လိုပဲ... ခြေဖျားလက်ဖျားတွေ အေးစက်လာတယ်"


အွန်းဘီက ထိထားသည့်လက်ကို ပြန်အရုတ် ဂျုံးဂု ဖမ်းဆွဲကာ သူမလက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆုတ်ကိုင်ထားလိုက်သည်။ အွန်းဘီက မျက်လုံးဝိုင်းရုံမက ပါးစပ်ပါအဟောင်းသားနဲ့ အံ့သြနေသည်။


"နင် ရူးနေလား"

"နည်းနည်းလေးတော့ အေးတာလျော့သွားမှာပါ"


အွန်းဘီက အတင်းရုန်းထွက်နေပေမယ့် သူကတော့ သူမလက်ဖဝါးလေးအား အတင်းပင်ချူပ်ကိုင်ထားမိသည်။ အွန်းဘီ မျက်နှာတွေပင် ပျက်သွားသည်။ presentationအတွက် ခေါင်းထဲမနည်းရိုက်ထည့်ထားရသည့်စာတွေပင် ကြက်ပျောက်ငှက်ပျောက်။


"အဟမ်း"

"အာ... နမ်ဂျွန်းရှီ"

"ဒီအဖွဲ့ပြီးရင် ငါတို့အလှည့်နော်"


ဘေးနားရှိ နမ်ဂျွန်း၏ ချောင်းဟန့်သံကြောင့် ဂျုံးဂုယောင်ရမ်းပြီး သူမလက်ကို လွှတ်ပေးလိုက်တော့သည်။ အွန်းဘီလည်း လွတ်တာနဲ့ တစ်ချိုးတည်းကို ပြေးတော့တာ။ စာများကို ဖတ်နေသော်လည်း စာထဲစိတ်က ရောက်တစ်ချက်၊ မရောက်တစ်ချက်။ အွန်းဘီ ရင်ဘက်လေးကိုဖိကာ ခပ်တိုးတိုးညည်းမိလိုက်သည်။


"ငါ စာတွေမေ့မှာစိုးတာနဲ့ ရင်တွေတောင် အရမ်းခုန်နေတယ်"





===============





နမ်ဂျွန်းက မိန့်မိန့်ကြီးနဲ့ ပါးချိုင့်ကြီးခွက်အောင်ကိုပင် ပြုံးနေသည်။ ကျန်သည့်သူများမှာလည်း စိတ်တွေအကုန်ချမ်းသာလို့။ သူတို့အဖွဲ့ကို အကောင်းဆုံးလို့ ဆရာမက သိသိသာသာချီးကျူးသွားသည်လေ။


"မင်းနဲ့ ဂျုံးဂုသာမကယ်ရင် ငါတို့အဖွဲ့မလွယ်ဘူး... တကယ်ဆရာကြီးတွေ"


အဖွဲ့ထဲမှ ကင်ဂျယ်ဟွန်းဆိုသည့်တစ်ယောက်က ထပြောသည်။ အကုန်လုံးရယ်နိုင်သော်လည်း အွန်းဘီသာ အတန်ငယ် ရှိုးတို့ရှန့်တန့်ဖြစ်နေမိသည်။ presentationလုပ်တုန်းက အမှားအယွင်းတော့ မဖြစ်ခဲ့ပေမယ့် အသံတွေတုန်နေခဲ့မိသည်မလား။ အရမ်းကြီးကျယ်တဲ့အမှားတော့မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို အကောင်းဆုံးမလုပ်နိုင်သလို ခံစားနေရသည်လေ။


"ငါ ခေါင်းနည်းနည်းကိုက်နေလို့ စောစောပြန်တော့မယ် ဒီနေ့တော့"


အွန်းဘီ နောက်တစ်ချိန်ဆက်မတက်တော့ဘဲ ပြန်ရန်ပြင်မိလိုက်သည်။ အချိန်စာရင်းကို ကြည့်လိုက်တော့လည်း accountingဆိုတော့ အတန်းထဲဆက်ထိုင်နေလည်း ငိုက်နေမှာဆိုတော့ အိမ်ပြန်ပြီးပဲ အိပ်တော့မယ်လေ။ အွန်းဘီ အဖွဲ့ထဲက လူတွေကို ပြုံးပြနှုတ်ဆက်လိုက်ရင်း ဂျုံးဂုနဲ့မျက်လုံးချင်းအဆုံတွင် လူက ဇက်ကလေးပင် ပုသွားမိသည်။ လီအွန်းဘီ နင်စိတ်နဲ့လူနဲ့ကပ်စမ်း...။

When Rain Falls Down (Book 2) ✔ Where stories live. Discover now