8. Backup Strategy

1.3K 161 14
                                    

(Unicode)

ကျောင်းသို့ ပုံမှန်အချိန်အတိုင်းပင် အွန်းဘီလာခဲ့လိုက်သည်။ ကျောင်းခန်းထဲဝင်သည်နှင့် မိမိနေရာသို့သာ တန်းသွားထိုင်လိုက်ကာ စားပွဲပေါ် မျက်နှာအပ်ပြီး မှောက်အိပ်ရန်ကျန်လိုက်စဉ် ပုခုံးပေါ်လာတို့သည့်လက်တစ်ဖက်ကြောင့် ထကြည့်လိုက်သည်။


"Omo.. ဂျယ်ဟီး ဘာပြောမလို့လဲ"


မိမိဘေးတွင် ထိုင်သည့်ဂျယ်ဟီးက ပြုံးစိစိဖြင့် လုပ်နေသည်ကြောင့် အကြောင်းတစ်ခုခုထူးမှန်း အွန်းဘီ တန်းသိလိုက်သည်။ ယူဂျယ်ဟီးမှာ သူမဘေးတွင် ထိုင်သည့်သူငယ်ချင်းမလေးဖြစ်ပြီး လက်ရှိအချိန်တွင် အခင်မင်ဆုံးဖြစ်မိသူတစ်ယောက်။


"ငါ နင့်ကိုပြောစရာရှိလို့"

"အွန်း... ပြောလေ"

"ငါ မင်ဂျွန်းကို အဖြေပေးလိုက်ပြီ... ဟီး"

"Jinja?? နင် တွဲမယ်လို့တော့ ငါထင်သားပဲ"


အွန်းဘီ ထိုနှစ်ယောက် အဆင်ပြေနေကြသည် အမြဲလိုလိုမြင်တွေ့နေကြဖြစ်သောကြောင့် ဒီစကားအတွက် မထူးဆန်းမိသော်လည်း သူငယ်ချင်းအတွက် ဝမ်းသာမိသည်။ ဂျယ်ဟီး၏ ပုခုံးကိုပုတ်ကာ သူမ ဂုဏ်ပြုစကားပြောလိုက်သည်။


"ကြားရတာ တကယ်ဝမ်းသာတယ်... နင်တို့ကအတန်းရဲ့ပထမဆုံးအတွဲပဲ"


အွန်းဘီ၏စကားကြောင့် ဂျယ်ဟီးကျိတ်ရယ်သည်။ သူတို့နှစ်ယောက်ကို လိုက်သည်ဟု ပြောရမလား၊ မလိုက်ဘူးဟု ပြောရမလားတော့ အွန်းဘီ မဝေခွဲတတ်။ အဘယ့်ကြောင့်ဆိုသော် ဂျယ်ဟီးမှာ သူမကဲ့သို့ ပုပုသေးသေးလေးဖြစ်ပြီး မင်ဂျွန်းမှာ အရပ်ရှည်ရှည်ပြီး လူကောင်ထွားသည့်အပြင် အနည်းငယ် ခပ်ဖိုင့်ဖိုင့်ဟု ပြောရမည်။ သို့သော်လည်း နဂိုကတည်းက သဘောတူခဲ့ပြီးဖြစ်တာကြောင့် ကန့်ကွက်စရာအကြောင်းတော့မရှိ။


"အွန်းဘီ နင်လည်းတစ်ယောက်တော့ ရှာသင့်ပြီ"

"အာ... တော်ပါပြီဟာ၊ ငါ စိတ်မဝင်စားဘူး"

"ဘာလဲ... တက္ကသိုလ်တက်တာပဲ နှစ်တစ်ဝက်ကျိုးတော့မယ်၊ အထက်တန်းကျောင်းက oppaကို မမေ့သေးဘူးလား"

"ငါ့ခွက်ကြီးတောင် ဘာတွေတက်ပြီး ဘယ်တွေရောက်နေပြီလဲ မသိဘူး"

"အဲ့လောက်ထိ ကြိုက်တာလည်းမဟုတ်ဘဲနဲ့ ပါးစပ်အရသာခံပြီး ပြောနေပြန်ပြီ၊ အဲ့ဒါနဲ့အနီးဆုံးက အဖိုးတန်လေးတွေ လွတ်ကုန်ဦးမယ်"


ဂျယ်ဟီးက အွန်းဘီကို အဓိပ္ပာယ်ပါပါကြည့်ကာ ဂျုံးဂုဘက်ကို မျက်စပစ်ပြရင်းပြောသည်။ အွန်းဘီမျက်နှာတွေပင် ပူသွားသည်။ အခုရက်ပိုင်း group presentationကြောင့် သူမတို့နှစ်ဦး ရင်းနှီးမှုမြန်လာသည်ကို ဂျယ်ဟီးသာမက အတန်းထဲကလူများကပါ လိုက်စနေခြင်းပင်။


"ဘာကို အဖိုးတန်ရမှာလဲ... ရှုပ်ရှုပ်ယှက်ယှက်... သူက ငါ့typeမဟုတ်ဘူး"

When Rain Falls Down (Book 2) ✔ Where stories live. Discover now