Part -25 (Ending)

7.1K 561 224
                                    

“P Na…”

Kongpob သူ အခန်းထဲဝင်လာတော့ သူ့အား လက်ပိုက်ပြီးကြိုနေကြသည့် သူ့အစ်မနှစ်ယောက်။ သူ ခပ်တည်တည်သာ နီးစပ်ရာ ခုံတွင် ဝင်ထိုင်လိုက်ခဲ့သည်။ သူ ယခုရင်ဆိုင်ရမှာက ကောင်းခြင်းလား ဆိုးခြင်းလား သူ ဝေခွဲမရနိုင်သေး။ သူ့အစ်မများ၏ မျက်နှာက မေးခွန်းမဝေသေးသော ဆရာများကဲ့သို့ ခပ်တည်တည်နှင့် အမြင်ကပ်ချင်သော်လည်း အမြင်မကပ်နိုင်သော ပုံစံမျိုး။ မေးခွန်းမှ မရသေးဘဲကိုး။

“Kong…”

“Khap…”

“ငါ ကွေ့ဝိုက်ပြီး မမေးတော့ဘူး ဆူရအောင်လည်း မင်းလည်း မစဉ်းစားတတ်တဲ့သူမဟုတ်ဘူး… ငါ့ကို မင်းဘာပြောချင်လဲ…”

“ကျွန်တော် သူနဲ့တွဲနေတာ… သူ့ကို ကျွန်တော့်ရဲ့ အနာဂတ်ထဲထိ တွဲခေါ်သွားဖို့ရည်ရွယ်ထားတယ်… တွဲလည်းတွဲခေါ်မယ်”

“ငါတို့က Fujoshi ဆိုပေမဲ့… အခုလို လက်ခံမယ်လို့ မင်းက ဘယ်လိုလုပ်ယုံထားတာလဲ… အပြင်လောကနဲ့ Fiction ဆိုတာ ထင်သလောက်ဆက်စပ်ဖို့မလွယ်ဘူး… တချို့ Fic တွေမှာ လက်တွေ့ဆန်လွန်းတာတွေ ဖတ်ဖူးတဲ့အချိန်မှာ ဒါကဖြစ်နိုင်တယ်လို့ မင်းထင်လောက်တယ်… ဒါပေမဲ့ Kong လက်တွေ့က မင်းထင်သလောက် မလွယ်ကူဘူး…”

“ဘယ်အရာကမှ မလွယ်ကူဘူး… ကျွန်တော်နားလည်တယ် P Na… ဒါပေမဲ့… သူနဲ့ ကျွန်တော် ကြိုးစားချင်တယ်… P Na လည်း ကျွန်တော့်ကို သိနေတာပဲ…”

“မင်းကို ငါတို့က ရအောင်တားမယ်ဆိုရင်ရော… ငါတို့ မိသားစုမှ မင်းက တစ်ဦးတည်းသော ယောကျာ်းလေး… မင်းကို မိသားစုကို စွန့်မလား သူ့ကို စွန့်မလားဆိုရင်ရော…”

Kongpob ငြိမ်သက်သွားမိသည်။ သူ့အစ်မဖြစ်သူများက သူ့ကို ကြည့်နေဆဲ။

“မင်းတစ်သက်လုံး အေးအေးဆေးဆေးနေလာတာ… မင်း သူနဲ့တွဲမယ်ဆို မင်းကို ကျောင်းစရိတ် မထောက်ဘူး ဆိုတာမျိုး… ”

“သူ့ကို လက်ခံအောင် ကျွန်တော် ကြိုးစားသွားမယ်…”

သူ့အစ်မ စကားမဆုံးခင် သူ ဝင်ပြောလိုက်တော့ သူ့အစ်မနှစ်ယောက်လုံး သူ့ကို ကြည့်လာခဲ့သည်။ သူ တည်ငြိမ်သော မျက်နှာဖြင့် နှစ်ဦးလုံးအား ကြည့်လိုက်ရင်း…

My Dumb Senior and me(fanfic)Where stories live. Discover now