Part - 12

5.4K 525 70
                                    

Kongpob… သူ့ဘဝသည် သာမန်ဆယ်ကျော်သက်များလို ကျော်ဖြတ်လာခဲ့သော်လည်း သူသည် အရာရာကို စိတ်ဝင်စားမှုမရှိသည့် သူတစ်ဦး။ အတန်းထဲတွင်စာတော်သည်။ အပြစ်ပြောစရာမရှိသော ရုပ်ရည်ကြောင့် သူ့အား နှစ်သက်သူအများအပြားရှိခဲ့သည်။ ပြောရလျှင် သူ့ဘဝက သူလိုချင်သည့်အရာ လိုချင်သည့်သူ ကို အလွယ်ရနိုင်သည့် ဘဝမျိုး။ သို့သော် ယခု သူ့ဘဝကိုသူ မေးခွန်းပြန်ထုတ်ရမည့်အနေအထားမျိုး ရောက်နေခဲ့သည်။ ဘာကြောင့် ထို Senior နှင့် ပတ်သက်လာလျှင် သူသည် သေးသေးမွှားမွှားလေးကအစ ခံစားလွယ်လွန်းရသည်လဲ? ထို Senior ၏ စကားတစ်ခွန်းသည် သူ့အား တစ်နေ့လုံး ရွှင်ပျနေစေနိုင်သလို တစ်နေ့လုံး လူသတ်ချင်စိတ်လည်း ဖြစ်ပေါ်စေနိုင်သည်။ သူ ထို Senior ကို ချစ်သည်ဟု သူ့ကိုယ်သူ သိသော်လည်း ထိုမျှထိ နှစ်နှစ်ကာကာဖြစ်နေမှန်း သူ မသိခဲ့။ ယနေ့ထို Senior ပြောလိုက်သည့် စကားတစ်ခွန်းသည် သူ့အား ယခုကဲ့သို့ တစ်ညလုံး အိပ်မပျော်နိုင်သည့် အနေအထားကို ရောက်နေစေခဲ့သည်။ သူ ထိုအနေအထားကို မုန်းသည်။ ထိုသို့ဖြစ်နေခြင်းကိုမုန်းသည်။

Arthit… သူ ကုတင်ပေါ်တွင် လူးလှိမ့်ရင်း သူ့နှုတ်ခမ်းကိုသူ ကိုင်နေမိခဲ့သည်။ ဘာကြောင့် Kongpob သည် သူ့အား ဒေါသထွက်သွားရသည်လဲ။ သူ ပြောသည်မှာ ဘာအမှားအယွင်းများပါနေခဲ့လို့လဲ။ သူတို့နှစ်ဦး၏ ဆက်ဆံရေးက Senior - Junior ဆက်ဆံရေးမျိုးပဲ မဟုတ်ဘူးလား? Kongpob သည် ထိုမျှထိ ဒေါသထွက်သွားခဲ့သည်လား? သူ့အားစိုက်ကြည့်ခဲ့သော မျက်ဝန်းညိုများသည် ဒေါသရောင်ကြောင့် တောက်ပနေခဲ့သည်။ Arthit လူးလိမ့်နေရာမှ ထထိုင်လိုက်ခဲ့မိသည်။ သူ အိပ်မပျော်နိုင်။ ယနေ့ညနေအဖြစ်အပျက်ကြောင့် သူ လုံးဝအိပ်မပျော်နိုင်။ သူ့အခန်းလိုက်ကာကို အသာဟကြည့်တော့ Kongpob အခန်းက မီးမှိတ်ထားခဲ့သည်။

Kongpob သည် သူ့အား တစ်ဖက်ခန်းမှ ကြည့်ကြည့်နေတတ်သည်ကို သူ သိရှိခဲ့တာကြာခဲ့ပြီ။ သူဘာလုပ်လုပ်ပြုံးကြည့်နေတတ်သော Kongpob… အချို့အချိန်များတွင် ထိုကောင်လေး စာလုပ်နေသည်များကိုပင် သူသည်လည်းရံဖန်ရံခါမြင်ရတတ်သည်။ သူ ထိုသို့ကြည့်နေရခြင်းကို နှစ်သက်သည်။ သူ့ခေါင်းအုံးကို သူ ပိုက်ရင်း သက်ပြင်းချလိုက်မိသည်။ သူ ပြောသည်က ဘာများမှားယွင်းခဲ့လို့လဲ။

My Dumb Senior and me(fanfic)जहाँ कहानियाँ रहती हैं। अभी खोजें