Part - 13

5.2K 556 154
                                    

သူတို့နှစ်ဦး P Deer အား Nong ဟု ပြောခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး Arthit အဖြေရှာမရခဲ့။ တစ်ညနေ သူစိတ်ရှုပ်ရှုပ်ဖြင့် စားနေကျထမင်းဆိုင်တွင်သာ ထမင်းစားနေခဲ့မိသည်။ သူထိုင်နေသည့် ဝိုင်းတွင် တိုက်တိုက်ဆိုင်ဆိုင် Kongpob သည် နေရာမရသဖြင့် လာပေါင်းထိုင်ခဲ့ရသည်။ သူတို့ ခပ်ဆိတ်ဆိတ်သာ ကိုယ်စီစားနေခဲ့ကြပြီး အပြန်လမ်းတွင်တော့ Arthit မည်သို့မျှ ထိုအနေခက်သော တိတ်ဆိတ်မှုကို မခံစားနိုင်တော့…

"Kongpob! မင်းဘာဖြစ်လို့ အဲ့လိုဖြစ်နေတာလဲ!"

Arthit လက်ထဲမှ Pink Milk ဘူးကိုကိုင်ရင်း မကျေမချမ်းပြောတော့ Kongpob မျက်နှာသည်လည်း မှုန်ကုတ်ကုတ်… သူတို့ P Deer ကိစ္စကို ယခုတိုင်ပြေလည်မှုမရသေး။ ထိုသို့ဖြစ်နေခြင်းကို Arthit မုန်းသည်။

"P ကို ကျွန်တော်စဉ်းစားဖို့အချိန်ပေးထားတယ် မဟုတ်လား?"

"Kongpob… ငါပြောတာမှားခဲ့လို့လား?…"

Kongpob သူ့သည်းခံစိတ်တို့ အဆုံးစွန်ထိ ရောက်သွားခဲ့သည်ဟု ခံစားလိုက်ခဲ့မိသည်။ ဘာကြောင့် ထို Arthit သည် သူ့ဒေါသကို နားမလည်ရတာလဲ! ဘာကြောင့် ထို Arthit သည် သူ့ကို စိတ်မရှည်အောင်လုပ်နေရသည်လဲ!

"P Arthit! ကျွန်တော်က P အတွက် ဘာလဲလို့ မေးခဲ့တယ်! အဲ့အဖြေက ဘာလဲ?"

"Nong…"

Kongpob စိတ်တိုတိုဖြင့် Arthit ပခုံးနှစ်ဖက်အား ဆွဲကိုင်လိုက်ခဲ့သည်။ Arthit လက်ထဲမှ Pink Milk ဘူးပြုတ်ကျသွားသဖြင့် သူတို့နှစ်ဦးလုံး၏ ခြေချောင်းများ အစိုဓာတ်ကို ခံစားလိုက်ခဲ့မိသည်။

"ထားလိုက်! အဲ့ဒါက အရေးမကြီးဘူး! P Arthit ကျွန်တော့်ကိုကြည့်!"

အအေးဘူးကို ငုံ့ကြည့်နေသည့် Arthit ခေါင်း ဆတ်ကနဲမော့လာရင်း သူ့အား ပြန်ကြည့်လာခဲ့သည်။ ဘာကြောင့် သူ ဒေါသထွက်နေမှန်းကို နားမလည်သည့် အကြောင်းတရားတို့သည် Arthit မျက်နှာတွင် အထင်းသား… 

"P က ကျွန်တော့်ကို Nong လို့ပဲမြင်နေတာလား?"

ညအချိန် လမ်းမီးအောက်တွင် သူ ယောကျာ်းလေးတစ်ယောက်ကို ယခုလိုမျိုး ကြည့်နေမိမည်ဟု Arthit တစ်သက်နှင့်တစ်ကိုယ် မတွေးဖူးခဲ့။ Kongpob သည် သူ့ Junior မို့ သူ Nong လို့ပြောခဲ့သည်က ဘာမှားလို့လဲ? Kongpob သည် သူ့ Nong ဖြစ်လို့မရဘူးလား? Kongpob သည် သူ့ Junior မဖြစ်ချင်ဘူးလား? သူက P ဟု မခေါ်ထိုက်သည့်သူလား? တွေးရင်းတွေးရင်း သူ ဝမ်းနည်းလာခဲ့မိသည်။

My Dumb Senior and me(fanfic)Opowieści tętniące życiem. Odkryj je teraz