Part - 4

6K 606 74
                                    

Signature Hunting Day Start

“ဒီကောင်ဘာဖြစ်နေတာလဲ…”

Bright မျက်မှောင်ကြုတ်ကာမေးလိုက်မိခဲ့သည်။ သူတို့ ကျောင်း Cafeteria သည် ပထမနှစ်များ၏ Signature Hunting Mission ကြောင့် စည်ကားသိုက်မြိုက်နေခဲ့သည်။ စာအုပ်ဖြူအသေးလေးများကို ကိုင်ပြီး Senior များအား လက်မှတ်ထိုးပေးရန် တောင်းခံနေသည့် ကလေးများ။ ထိုသို့ ကြည်နူးစရာမြင်ကွင်းမျိုးကို မြင်နေသည့်တိုင် Arthit မျက်နှာက ရှစ်ခေါက်ချိုး။ မသိလျှင် သူ့အား ဒုတိယအကြိမ် စစ်မှုထမ်းခိုင်းခံနေရသည့် ရုပ်မျိုး။ မအီမသာ မကျေမနပ် မကောင်းသည့် ခံစားချက်ပေါင်းစုံစုပြီး Arthit မျက်နှာတွင် ရှိနေသည်ဟု သူတို့ တစ်ဖွဲ့လုံး ကောက်ချက်ချလိုက်မိခဲ့သည်။

“အဲ့ 0062 ကြောင့်ဆိုရင်…”

0062 ဆိုသည့် အသံကြားသည်နှင့် လက်ထဲမှ ဇွန်းကို ကျစ်ကျစ်ပါအောင်ဆုတ်လိုက်သည့် Arthit ကြောင့် Knot သူ့ပါးစပ်ကိုသူ အရှိန်ထိန်းလိုက်မိသည်။ သူတို့အားလုံး သတိထားမိသည်က 0062 ဆိုသည့် အမည်သည် Arthit ဆိုသည့် Head Hazer အား အချိန်မရွေးပေါက်ကွဲစေနိုင်သည့် Trigger တစ်ခု။ ထိုသို့ Knot ပါးစပ်ပိတ်နေသည့် ကြားမှ အလိုက်မသိသော Bright ၏ အသံက ဆက်ထွက်လာခဲ့သည်။

“သူက မင်းကို သူ့မိန်းမ လုပ်မယ်တဲ့ အဟက်!”

“Shit Bright!”

Bright စကားသံနောက်မှ Toota ၏ စိတ်ပျက်လက်ပျက် ညည်းတွားသံ ဝုန်းကနဲထကာ သူတို့ဝိုင်းမှ ထွက်သွားသည့် Arthit ကျောပြင်ကို ကြည့်ပြီး သူတို့လေးယောက်သက်ပြင်းချလိုက်မိကြသည်။

“အ! Prem မင်းငါ့ကို ဘာလုပ်တာလဲ…”

Bright သူ့ ခေါင်းသူပွတ်ရင်း ထအော်တော့ ကျန်သုံးဦး၏ နည်းတောင်နည်းသေးတယ် ဟူသည့် အကြည့်များကိုသာ လက်ခံရရှိခဲ့သဖြင့် သူ မကျေနပ်သော်လည်း ငြိမ်နေလိုက်ခဲ့မိသည်။ Arthit ဒေါသထွက်စွာ Cafeteria မှ ထွက်လာမိခဲ့သည်။ သူတို့ Campus မြက်ခင်းစိမ်းများကို ကျော်ဖြတ်ပြီး သူ စိတ်ရှုပ်တိုင်း အမြဲ ပုန်းခိုရာ နေရာသို့ ရောက်လာခဲ့သည်။ သူ ထို မြက်ခင်းပေါ်တွင် ထိုင်ချလိုက်ရင်း သူ့မျက်စိရှေ့မှ ကန်ရေပြင်ကို အကြောင်းမဲ့ ငေးနေခဲ့မိသည်။

My Dumb Senior and me(fanfic)Where stories live. Discover now