Part - 11

5.8K 510 84
                                    

"Hoy Arthit ဘာဖြစ်နေတာလဲ?"

"Fang……"

Arthit မျက်နှာငယ်ဖြင့်သာ သူ့လက်ထဲမှ First Year ကောင်မလေးကို ထည့်ပေးလိုက်ခဲ့ပြီး အကြောင်းစုံရှင်းပြတော့ Fang ခေါင်းတညိတ်ညိတ် ယနေ့အပြစ်ပေးချိန်တွင် ပထမနှစ်ကောင်မလေးတစ်ယောက် မူးလဲခြင်း။ သတိကောင်းသည့် Arthit ကြောင့် ထိုကောင်မလေး ဘာမှမဖြစ်ခဲ့။ မျက်နှာမကောင်းစွာထိုင်နေသော Arthit ကိုကြည့်ပြီး Fang သက်ပြင်းချလိုက်မိသည်။

"Arthit…"

"အင်း…"

"ငါ့ကို ပလာစတာတွေသွားဝယ်ပေးထား ကုန်နေပြီ…"

"သြော်… အေး ငါသွားလိုက်မယ်…"

"အင်း…"

Fang အင်း သာ အင်းလိုက်သည်။ Arthit မျက်နှာမကောင်းရသည့် အကြောင်းရင်းကို သူမ သိသည်။ Arthit လို အခြားသူများအား အပြစ်ပေးရစည်းကမ်းတင်းကြပ်ရမုန်းသည့် သူတစ်ဦးကို ဘာကြောင့်များ Head Hazer ဖြစ်စေရတာလဲဟု သူမတို့၏ Senior P Deer ကို သူမ အပြစ်တင်ချင်သွားမိသည်။

"Hoy! Arthit… နင့်ရဲ့ 0062 ကို P Mini က ဒီနေ့တွေ့မယ်တဲ့… Contest လည်းနီးပြီဆိုတော့…"

"ဘယ်က ငါ့ရဲ့ 0062 လဲ!"

ပက်ကနဲပြန်အော်သည့် Arthit ကို Fang မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း…

"နင် Nominate လုပ်လို့ နင့် 0062 လို့ပြောတာလေ…"

"အ… ဟို……"

ပြောစရာစကားမရှိသလို ထစ်ငေါ့ရှက်ရွံ့နေသည့် Arthit ကိုကြည့်ပြီး Fang ပြုံးလိုက်မိသည်။ သူမ မျက်နှာထက်မှ အပြုံးက Fujoshi တစ်ယောက် မိမိသားကောင်အား ရှာတွေ့သည့်အပြုံးမျိုး……

'Hmm… ဒီကောင်လေးတွေမှာ ငါ မသိတာ ဘာရှိသေးလဲ… ဒါက Toota ကိုမေးသင့်တဲ့ ကိစ္စပဲ…'

Fang အခန်းထဲမှခေါင်းကုတ်ထွက်သွားသည့် Arthit ကျောပြင်ကို ကြည့်ရင်း ရေရွတ်လိုက်ခဲ့မိသည်။

"Aim မင်းဘာဖြစ်နေတာလဲ?"

Aim သူ့နားရောက်လာသည့် Kongpob ကိုကြည့်ပြီးမျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ကိုယ်လုံးချွေးများရွှဲနစ်နေသည့် Kongpob ပုံစံက မသိလျှင် ရေချိုးထားသလိုလို။ သူသည်လည်း ခြေထောက်က ထော့နဲ့နဲ့… သူတို့အဖြစ်၏ အဓိက လက်သည် တရားခံက Kongpob ၏ Senior Head Hazer… ထို Head Hazer ၏ ဦးနှောက်ထဲတွင် သူတို့အား ဒဏ်ပေးနိုင်သည့် နည်းလမ်း မည်မျှရှိနေလဲဆိုသည်ကို သူ ရံဖန်ရံခါတွင်သိချင်မိသည်။

My Dumb Senior and me(fanfic)Where stories live. Discover now