Part - 5

5.5K 557 56
                                    

Kongpob ၏ ထိုလုပ်ရပ်သည် သူတို့ပထမနှစ်များ အားလုံးကို ကိုယ့်သေတွင်းကိုယ်တူးစေသော လုပ်ရပ်တစ်ခု။ ဘယ်လို စိတ်ကူးဖြင့်များ Kongpob ထိုသို့ပြုလုပ်လိုက်သည်ကို သူတို့ ပထမနှစ်များ နားပင်မလည်နိုင်။ သူ ထို ကြမ်းတမ်းသော Senior ၏ နိုပ်စက်ခံချင်သည်ဆိုလည်း... အင်း Kongpob သည် Masochist ကြီးများလားလို့ သူတို့အကုန်လုံးတွေးမိခဲ့သည်။

"မင်းရဲ့ နာမည်ကဒ်က ဘယ်မှာလဲ!"

ယနေ့၏ ကံဆိုးသူမောင်ရှင်က Aim... Aim သူ့ကိုယ်သူလည်း အပြစ်တင်မိသည်။ ဘာကြောင့် ယနေ့မှ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း သူ့နာမည်ကတ်သူ မေ့နေပါလိမ့်။

"ကျွန်... ကျွန်တော် ကျန်ခဲ့လို့..."

သူ တုန်တုန်ယင်ယင်သာ ဖြေလိုက်နိုင်ခဲ့သည်။ Arthit ၏ စကားများက သူ့နားထဲဝေးလာလိုက်နီးသွားလိုက်။ သူက နဂိုကတည်းက Arthit ၏ အရိပ်မြင်ရုံနှင့် Arthit အမည်ကြားရုံနှင့်ပင် ကျောချမ်းတတ်သလို ယခုလို သူ့ရှေ့တွင် ဒေါသအမျက်ချောင်းချောင်းထွက်နေသည့် ပုံမျိုးဖြင့် ဆူပူနေသည့် Arthit ရှေ့မှ သူ ဖြစ်နိုင်လျှင် အငွေ့ပင်ပျံချင်သွားသည်။

"သူ ဘယ်သူ လဲဆိုတာ ဘယ်သူသိလဲ!!!"

Arthit ၏ ထိုမေးခွန်းသံကြားမှ Aim သတိပြန်ဝင်လာခဲ့သည်။ သူ့အားကြည့်နေခဲ့သော ကျောင်းသားများအားလုံး၏ အကြည့်များကြောင့် သူ ဇောချွေးများပြန်လာခဲ့မိသည်။ သူသည် လူကြောက်တတ်သော ကောင်လေးတစ်ဦး။ သူ့ သူငယ်ချင်း၏ အဖြစ်ကို Kongpob မည်သို့မျှ ထိုင်ကြည့်နေချင်း မပြုနိုင်တော့ ထို P Arthit သည် တစ်ဖက်စွန်းရောက်နေပြီဟု သူ ထင်သည်။ သူ့ကို မကျေနပ်ရုံဖြင့်တော့ ယခုလို သူ့ သူငယ်ချင်းဖြစ်သူကို ချောင်ပိတ်ရိုက်ခြင်း မပြုသင့်။ Aim သည် လူကြောက်တတ်သည်ကို သူကောင်းစွာသိသဖြင့် Hazing Activity တွင် သူ ပါဝင်မည်ဟု ဆိုခဲ့တုန်းက သူပင် အံ့အားသင့်မိသေးသည်။ May အတွက်ကြောင့်သာမဟုတ်လျှင် ထို Aim ဆိုသည့်ကောင်လေးတွင် ယခု ဤနေရာတွင် ရှိနေမည်မဟုတ်။

"သူ့နာမည်က Aim..."

လက်တစ်ဖက်ထောင်ကာ ထရပ်ရင်း ဖြေလိုက်သည့် သူ့ထံ Arthit ၏ အကြည့်စူးစူးတစ်ချက် ရောက်လာခဲ့သလို အခန်းတွင်းရှိလေထုသည်လည်း အချိန်မရွေးမုန်တိုင်းထန်လာနိုင်သည့် တင်းမာမှုမျိုးဖြင့် ငြိမ်သက်သွားခဲ့သည်။

My Dumb Senior and me(fanfic)Where stories live. Discover now