Part - 9

5.4K 548 144
                                    

"P Arthit……"

ရေချိုးခန်းတံခါးလာခေါက်သည့် Kongpob ကြောင့် Arthit မိမိကိုယ်ကိုသေချာစစ်ဆေးနေရာမှ သူ့အာရုံတို့က Kongpob ဆီသို့ ပြန်ရောက်လာခဲ့သည်။ ထို အခွင့်အရေးသမား မုဒိန်းကောင်က ဘာကြောင့် အခန်းထဲတွင် ရှိနေရသေးသည်လဲ! တကယ်ဆို သွားပါတော့လား!!!

"ဘာလဲ!"

ရေချိုးခန်းတံခါးချောက်ကနဲပွင့်သွားသံနှင့်အတူ မျက်လုံးတစ်လုံးပေါ်စာသာဟလာသည့် ရေချိုးခန်းထဲမှ Arthit ကို Kongpob ပြုံးစိစိဖြင့် ကြည့်လိုက်မိခဲ့သည်။နံရံတွင်လက်ကို အသာထောက်လိုက်ရင်း သူ့လှုပ်ရှားမှုမှန်သမျှကို အကဲခတ်နေသည့် ထို P Arthit ကို ညက သူ့အား အိပ်မရအောင်ပြုခြင်းအတွက် သူ ပညာပေးသင့်သည်။

"P အဆင်ပြေရဲ့လား…"

"Huh?"

"P လမ်းလျှောက်ရအဆင်ပြေလားလို့… နာနေလား? အကိုက်အခဲပျောက်ဆေးသွားဝယ်ပေးမလို့မေးတာ…"

Arthit မျက်လုံးပြူးများဖြင့် Kongpob ကို ကြည့်လိုက်မိခဲ့သည်။

'ငါ ညက ဒီကောင်နဲ့!!!!! မဟုတ်လောက်ပါဘူးနော်!!!!! ငါ့ရဲ့ Virginity လေးဆုံးရှုံးလိုက်ပြီလား!!!!!! First Time ကြီးကို အခုလိုကြီးက!!!!!'

ငြိမ်ကျသွားသော Arthit ကို ကြည့်ပြီး Kongpob မျက်နှာက ပြုံးစိစိ။ ထို P Arthit သည် တကယ့်ကို… သူ တံခါးကိုအသာတွန်းဖွင့်လိုက်ရင်း ရေချိုးခန်းထဲလိုက်ဝင်လာခဲ့လိုက်တော့ သူ့အား ငိုမဲ့မဲ့မျက်နှာဖြင့် ကြည့်နေသည့် Arthit… ထိုငိုမဲ့မဲ့မျက်နှာသည် တဖြေးဖြေးဖြင့် စိတ်တိုလာသည့် မျက်နှာအဖြစ်ပြောင်းလဲသွားခဲ့သည်။

Kongpob ပြောလိုက်ကာမှ Arthit သူ့ကိုယ်သူ ဖင်နာသလို ခေါင်းကိုက်သလိုပင်ခံစားလိုက်ခဲ့မိသည်။ သူတကယ်ပဲ သူ့ပထမညကို ထို Kongpob နှင့်ဖြစ်သလို ကျော်ဖြတ်လိုက်ရတာလား!!! ထို Kongpob က သူ့လူပျိုဘဝလေးကို ထိုသို့ယူသင့်ရဲ့လား! အနည်းဆုံးတော့ Romantic ဆန်ဆန်လေးဖြစ်သင့်တာပေါ့…

'ဟာ ငါ ဒီကောင်နဲ့ အိပ်ဖို့ကိုတွေးနေတာလား!!'

Arthit သူ့ဘာသာသူ တွေးနေရင်းမှ မျက်နှာရဲသွားမိသည်။ သူ ဘာလို့ ဒီပထမနှစ်ဖြင့် ထိုသို့အခြေအနေကို စဉ်းစားမိရတာလဲ!

My Dumb Senior and me(fanfic)Where stories live. Discover now