Part - 7

5.5K 548 101
                                    

"Hoy!!! သေတော့မှာပဲ ငါတို့တော့!"

အတန်းထဲအပြေးဝင်လာသော ကောင်လေးစကားကြောင့် သူတို့အကုန်လုံး ထိုကောင်လေးကို ကြည့်လိုက်မိခဲ့ကြသည်။

"ဒီနေ့က တကယ့် ချီးကားတိုက်တဲ့နေ့…"

"ဘာ… ဘာလို့လဲ…"

"ပထမတစ်ခုက ဒီနေ့က ငါတို့ Signature Hunting ရဲ့ နောက်ဆုံးနေ့ ဘယ်သူ လက်မှတ်တစ်ထောင်ပြည့်လဲ?"

အတန်းထဲမှ ပထမနှစ်များတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိခဲ့ကြသည်။ ဘယ်သူမှ တစ်ထောင်မပြည့်ဘူးဆိုသည့် အဓိပ္ပာယ်။ သူတို့ သက်ပြင်းများချရင်းခေါင်းငိုက်စိုက်သာ ချလိုက်မိခဲ့ကြသည်။

"နောက်တစ်ခုက ဒီနေ့ ငါတို့ရဲ့ ပထမနှစ် ကိုယ်စားပြု တစ်ယောက်ရွေးရမယ်… နေ့လည် ထမင်းစားဆင်းချိန်မတိုင်ခင် သူတို့ကို လာတွေ့ရမယ်တဲ့…"

"လခွမ်း အဲ့ဒါကို အရင်ပြောလေဟ! တခြားအခန်းတွေအကုန်သွားစုတော့!!"

သူတို့ပထမနှစ်များအားလုံးစုကာ မှိုင်တိုင်တိုင်သာ ထိုင်နေမိခဲ့ကြသည်။ မည်သူမျှ ပထမနှစ် ကိုယ်စားပြုမလုပ်လိုကြ။ မလုပ်ချင်သည့် အကြောင်းကလည်း ရှင်းပါသည်။ သူတို့အားလုံး မည်သူမျှ ထို Senior Hazer များနှင့် Hazing Activity မှလွဲလျှင် စကားပြောချင်စိတ်မရှိပါ။ Hazing Team တစ်ခုလုံးက ကြောက်ဖို့ကောင်းလှသည်မဟုတ်ပါလား။

"မင်း မလုပ်ဘူးလား…"

သူတို့ထုံးစံအတိုင်း ဦးတည်သည်က Kongpob… Kongpob တစ်ဦးသာ Arthit နှင့် ထိပ်တိုက်တွေ့ရဲသည့် တစ်ဦးတည်းသော ပထမနှစ်မဟုတ်လား။

"ဟင့်အင်း……"

Kongpob ခေါင်းသာခါလိုက်မိသည်။ သူက Arthit နှင့်သာ ထိပ်တိုက်တွေ့ချင်သူ။ အခြားသော ကျောင်းကိစ္စများကို နည်းနည်းလေးပင် စိတ်မဝင်စား… သူ စိတ်ဝင်စားသည်က ယနေ့ညတွင်သူ မည်သို့အချိန်ဖြုန်းရမည်လဲဆိုသည့် ကိစ္စ။ Aim အခန်းတွင် ဂိမ်းသွားဆော့ရမည်လား သို့မဟုတ် Arthit အခန်းကိုပဲ ထိုင်ကြည့်ရင်း သူ့ Senior လေးဝရန်တာအထွက်ကိုပဲ ထိုင်ချောင်းရမည်လား။

"Third Year ဆောင်မှာနေတဲ့ကောင်က လုပ်ပေါ့…"

Kongpob သူ့အား ထပ်ပြောမလာခင် မျှားဦးကို Tew ဘက်သို့ရွှေ့လိုက်တော့ Tew မျက်နှာရှုံ့တွသွားခဲ့မိသည်။ သူ မျက်လုံးပြူးဖြင့် Kongpob အား လှမ်းကြည့်သော်လည်း Kongpob က မသိချင်ဟန်ဆောင်ကာ ထွက်သွားခဲ့ပြီ။ သူ Aim အား အကူအညီရမလား ကြည့်လိုက်သော်လည်း Aim က သူ့အားရယ်ပြကာ Kongpob နောက်မှလိုက်သွားခဲ့ပြီ။ Oak ကသူ့အားမသိချင်ယောင်ဆောင်နေခဲ့သလို နောက်ဆုံး ကောက်ရိုးမျှင် Wad က နားထဲနားကြပ်ထိုးထည့်ထားသဖြင့် Tew ကူကယ်ရာမဲ့စွာဖြင့် ပထမနှစ်ကိုယ်စားပြုကျောင်းသားကို ပြိုင်ဘက်ကင်းကာ ဗိုလ်စွဲသွားဖြစ်ခဲ့သည်။

My Dumb Senior and me(fanfic)Unde poveștirile trăiesc. Descoperă acum